ေကာင္မေလးေတြကို ဘယ္လိုခ်ီးက်ဴးေျမွာက္ပင့္မလဲ

ကောင်မလေးတစ်ယောက်ကို ဘယ်လိုမြှောက်ပင့်ရမလဲဆိုတာသိခြင်းက ယောက်ျားလေးတစ်ယောက်အတွက် တကယ့်အားသာချက်ပါ။ သူမရဲ့တကယ်တော်တဲ့၊ လှတဲ့အရာတွေကိုချီးကျူးခြင်းက သူမဟာဘယ်လောက်ထူးခြားတဲ့အမျိုးသမီး
ဖြစ်ကြောင်းကို ဖော်ပြရာလည်းရောက်ပါတယ်။ ဒါပေမယ့် သင်ဟာ မဟုတ်တာတွေကို မြှောက်ပင့်နေရင်လည်း သူမကသိပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုမြှောက်ပင့်ဖို့လိုမလဲဆိုတာ သိဖို့လိုပြီပေါ့။

ပထမဆုံးသင်သိဖို့လိုတာက မိန်းကလေးတွေကိုမြှောက်ရင် ရိုးသားဖို့လိုပါတယ်။ စာအုပ်ထဲကဖတ်ထားတာတွေ၊ ရုပ်ရှင်ထဲက စကားလုံးတွေနဲ့ သူမကိုမမြှောက်ပါနဲ့။ သင့်ရဲ့မျက်လုံးထဲကရိုးသားခြင်းကိုမြင်ရင် ကောင်မလေးတွေက ပိုသဘော
ကျပါတယ်။ သင်က လေ့ကျင့်ထားတဲ့မြှောက်ပင့်နည်းတွေကိုအသုံးပြုရင်လည်း သူမကသိပါတယ်။ ကောင်မလေးတွေကို မြျှောက်ပင့်နည်းမျိုးစုံရှိပါတယ်။ နှုတ်ကဖွင့်ပြောမှမဟုတ်ပါဘူး။

သူမရဲ့ရုပ်ရည်အသွင်အပြင်ကိုချီးကျူးပါ။သူမဘယ်လောက်လှကြောင်းကို ရိုးသားစွာပြောပါ။ ဒါမှ မဟုတ်သူမနဲ့ သူမဝတ်ထားတဲ့ဝတ်စုံလိုက်ဖက်ကြောင်းကို ချီးကျူးပါ။

သူမကိုငေးမောပါ။သူမကို ခဏခဏငေးမောပြီးကြည့်ပါ။ ဒါပေမယ့် ကြောက်စရာကောင်းအောင်တော့ မကြည့်ပါနဲ့။ တကယ်ကို အရမ်းလှပတဲ့မိန်းကလေးတစ်ယောက်ကြောင့် အသက်ရှုဖို့မေ့နေတဲ့ပုံမျိုးနဲ့ငေးမောပါ။

“သူမ” တတ်ကျွမ်းတဲ့အရာတွေကိုချီးကျူးပါ။သူမဘယ်အရာမှာကျွမ်းကျင်လဲ၊ဟင်းချက်တာလား၊ သီချင်းဆိုတာလား၊တူရိယာပစ္စည်း တစ်မျိုးမျိုးကို တီးတတ်တာ
လား စတာတွေအတွက်လည်း ချီးကျူးပါ။ မိန်းကလေးတွေဟာ ရုပ်ရည်တစ်ခုထဲအတွက်ပဲ ချီးကျူးခံချင်တာမဟုတ်ပါဘူး။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေအတွက်လည်း ချီးကျူးခံချင်ကြပါတယ်။

သူမရဲ့မိန်းကလေးဆန်ခြင်းကို ချီးကျူးပါ။သူမရဲ့ကြင်နာတတ်ခြင်း၊ ဂရုစိုက်တတ်ခြင်း၊ သူမရယ်ပုံရယ်နည်း၊ သူမရဲ့ဆံပင်လေးတွေနဲ့ ဆော့ကစားပုံ၊ သူမအိုက်လို့ယပ်တောင်ခတ်တဲ့ပုံ၊ သူမရှက်လို့ မျက်နှာရဲသွားပုံ စတာလေးတွေက ဘယ်လောက်ချစ်စရာကောင်းကြောင်းချီးကျူးပါ။

Gentlemanပီသခြင်းဖြင့်ချီးကျူးပါ။သူမနဲ့အတူ၂ယောက်တည်း တစ်ခုခုသွားစားတဲ့အခါ ထိုင်ခံကိုပြင်ပေးပါ။ သူမကားပေါ်တက်ရင် ကားတံခါးဖွင့်ပေးပါ။သူမအကူအညီလိုတဲ့အခါတိုင်း သင့်ရဲ့လူကြီးဆန်ခြင်းတွေနဲ့ကူညီပေးပါ။

အခြားသိသင့်သည့်အရာများ
ကောင်မလေးတစ်ယောက်ကို ဘယ်နေရာချီးကျူးရမလဲမသိရင် မျက်လုံး၊ ဆံပင်၊ နှုတ်ခမ်း၊ အသံ စတာတွေကို ချီးကျူးလို့ရပါတယ်။ သူမကို ဆက်စီအ၇မ်းကျတယ်တို့ ဘာတို့မပြောမိပါစေနဲ့။ ဖြစ်နိုင်ရင် တွေ့တွေ့ချင်း မြင်တာကိုချီးကျူးပါ။အချိန်အကြာကြိးနေမှ စပြိးမချီးကျူးပါနဲ့။

ကဲကောင်မလေးတွေကို ချီးကျူးတတ်ကြပါစေနော်။

ေကာင္မေလးတစ္ေယာက္ကို ဘယ္လိုေျမွာက္ပင့္ရမလဲဆိုတာသိျခင္းက ေယာက္်ားေလးတစ္ေယာက္အတြက္ တကယ့္အားသာခ်က္ပါ။ သူမရဲ့တကယ္ေတာ္တဲ့၊ လွတဲ့အရာေတြကိုခ်ီးက်ဴးျခင္းက သူမဟာဘယ္ေလာက္ထူးျခားတဲ့အမ်ိဳးသမီး
ျဖစ္ေၾကာင္းကို ေဖာ္ျပရာလည္းေရာက္ပါတယ္။ ဒါေပမယ့္ သင္ဟာ မဟုုတ္တာေတြကို ေျမွာက္ပင့္ေနရင္လည္း သူမကသိပါတယ္။ ဒီေတာ့ မိန္းကေလးတစ္ေယာက္ကို ဘယ္လိုေျမွာက္ပင့္ဖို႔လိုမလဲဆိုတာ သိဖို႔လိုျပီေပါ့။

ပထမဆံုးသင္သိဖို႔လိုုတာက မိန္းကေလးေတြကိုေျမွာက္ရင္ ရိုးသားဖို႔လိုုပါတယ္။ စာအုုပ္ထဲကဖတ္ထားတာေတြ၊ ရုုပ္ရွင္ထဲက စကားလံုးေတြနဲ႔ သူမကိုမေျမွာက္ပါနဲ႔။ သင့္ရဲ့မ်က္လံုးထဲကရိုးသားျခင္းကိုျမင္ရင္ ေကာင္မေလးေတြက ပိုသေဘာ
က်ပါတယ္။ သင္က ေလ့က်င့္ထားတဲ့ေျမွာက္ပင့္နည္းေတြကိုအသံုးျပဳရင္လည္း သူမကသိပါတယ္။ ေကာင္မေလးေတြကို ေျမွ်ာက္ပင့္နည္းမ်ိဳးစံုရွိပါတယ္။ ႏႈတ္ကဖြင့္ေျပာမွမဟုတ္ပါဘူး။

သူမရဲ့ရုပ္ရည္အသြင္အျပင္ကိုခ်ီးက်ဴးပါ။သူမဘယ္ေလာက္လွေၾကာင္းကို ရိုုးသားစြာေျပာပါ။ ဒါမွ မဟုတ္သူမနဲ႔ သူမဝတ္ထားတဲ့ဝတ္စံုလိုက္ဖက္ေၾကာင္းကို ခ်ီးက်ဴးပါ။

သူမကိုေငးေမာပါ။သူမကို ခဏခဏေငးေမာျပီးၾကည့္ပါ။ ဒါေပမယ့္ ေၾကာက္စရာေကာင္းေအာင္ေတာ့ မၾကည့္ပါနဲ႔။ တကယ္ကို အရမ္းလွပတဲ့မိန္းကေလးတစ္ေယာက္ေၾကာင့္ အသက္ရႈဖို႔ေမ့ေနတဲ့ပုံမ်ိဳးနဲ႕ေငးေမာပါ။

“သူမ” တတ္ကြ်မ္းတဲ့အရာေတြကိုုခ်ီးက်ဴးပါ။သူမဘယ္အရာမွာကြ်မ္းက်င္လဲ၊ဟင္းခ်က္တာလား၊ သီခ်င္းဆိုတာလား၊တူရိယာပစၥည္း တစ္မ်ိဳးမ်ိဳးကို တီးတတ္တာ
လား စတာေတြအတြက္လည္း ခ်ီးက်ဴးပါ။ မိန္းကေလးေတြဟာ ရုပ္ရည္တစ္ခုုထဲအတြက္ပဲ ခ်ီးက်ဴးခံခ်င္တာမဟုတ္ပါဘူး။ သူတို႔ရ့ဲ ကြ်မ္းက်င္မႈေတြအတြက္လည္း ခ်ီးက်ဴးခံခ်င္ၾကပါတယ္။

သူမရဲ့မိန္းကေလးဆန္ျခင္းကို ခ်ီးက်ဴးပါ။သူမရဲ့ၾကင္နာတတ္ျခင္း၊ ဂရုစိုုက္တတ္ျခင္း၊ သူမရယ္ပံုရယ္နည္း၊ သူမရဲ့ဆံပင္ေလးေတြနဲ႔ ေဆာ့ကစားပံု၊ သူမအိုက္လို႔ယပ္ေတာင္ခတ္တဲ့ပံုု၊ သူမရွက္လို႔ မ်က္ႏွာရဲသြားပံု စတာေလးေတြက ဘယ္ေလာက္ခ်စ္စရာေကာင္းေၾကာင္းခ်ီးက်ဴးပါ။

Gentlemanပီသျခင္းျဖင့္ခ်ီးက်ဴးပါ။သူမနဲ႔အတူ၂ေယာက္တည္း တစ္ခုုခုသြားစားတဲ့အခါ ထိုင္ခံကိုျပင္ေပးပါ။ သူမကားေပၚတက္ရင္ ကားတံခါးဖြင့္ေပးပါ။သူမအကူအညီလိုုတဲ့အခါတိုင္း သင့္ရဲ့လူၾကီးဆန္ျခင္းေတြနဲ႕ကူညီေပးပါ။

အျခားသိသင့္သည့္အရာမ်ား
ေကာင္မေလးတစ္ေယာက္ကို ဘယ္ေနရာခ်ီးက်ဴးရမလဲမသိရင္ မ်က္လံုး၊ ဆံပင္၊ နႈတ္ခမ္း၊ အသံ စတာေတြကို ခ်ီးက်ဴးလိုု႔ရပါတယ္။ သူမကို ဆက္စီအ၇မ္းက်တယ္တုိ႔ ဘာတို႔မေျပာမိပါေစနဲ႔။ ျဖစ္နုုိင္ရင္ ေတြ႕ေတြ႕ခ်င္း ျမင္တာကိုခ်ီးက်ဴးပါ။အခိ်န္အၾကာၾကိးေနမွ စျပိးမခ်ီးက်ဴးပါနဲ႔။

ကဲေကာင္မေလးေတြကို ခ်ီးက်ဴးတတ္ၾကပါေစေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *