ခေါင်းအုံးတွေကို ၅နှစ်နီးပါးမလျှော်ပဲ အိပ်ခဲ့တဲ့တရုတ်အမျိုးသမီးရဲ့ကြောက်စရာအဖြစ်အပျက်












Source: World Of Buzz

Unicode

တရုတ်နိုင်ငံ၊Hubei ပြည်နယ်မှာနေထိုင်တဲ့ Xu ဆိုတဲ့အမျိုးသမီးဟာသူမရဲ့မျက်လုံးမကြာခဏ ကိုက်ခဲယားယံမှုကိုနှစ်အတော်ကြာခံစားခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့မျက်လုံးတွေကလည်း မကြာခဏဆိုသလိုနီရဲတာတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒါပေမဲ့သူမက ဆရာဝန်တွေ၊ဆေးရုံတွေလည်းမပြပဲ မျက်စဉ်းဆေးနဲ့သာ သူမမျက်လုံးရဲ့ဝေဒနာကိုဖြေရှင်းခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့သူမရဲ့မျက်လုံးကအရမ်းအခြေအနေဆိုးလာခဲ့ပါတယ်။

အဲ့ဒါကြောင့် သူမရဲ့မိသားစုတွေကဆရာဝန်ဆီသွားပြဖို့တိုက်တွန်းပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဆေးရုံရောက်တဲ့အခါမှာတော့ဆရာဝန်က Xu ရဲ့မျက်လုံးကိုစစ်ဆေးကြည့်တဲ့အခါမှာသူမရဲ့မျက်တောင်

တစ်ခုချင်းစီပေါ်မှာ အင်းဆက်အမျိုးအစားတစ်မျိုးဖြစ်တဲ့ ပင့်ကူသေးသေးလေးတွေ၁၀ကောင်ကျော်လောက် ကပ်တွယ်နေ တာကိုမြင်တွေ့ခဲ့ရပါတယ်။

မျက်တောင်တစ်ခုချင်းစီမှာ ၁၀ကောင်ကျော်လောက် ရှိနေပြီးစုစုပေါင်းအကောင် ၁၀၀ကျော်လောက်ကပ်တွယ်နေခဲ့တာ ကိုထိတ်လန့်စရာမြင်တွေ့ခဲ့ရပါတယ်။

သူမဟာ အိပ်ယာ၊ခေါင်းအုံးတွေကိုမလျှော်ပဲ ၅နှစ်နီးပါးအသုံးပြုခဲ့ကြတောင့်ဘတ်တီးရီးယားကောင်တွေကသူမရဲ့ခေါင်းအုံးကတစ်ဆင့်မျက်တောင်တွေထဲမှာနေနေခဲ့တာဖြစ်ပါတယ်။

သူမကိုဆရာဝန်ကသေချာကုသပေးပြီး တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ဖို့နဲ့အိပ်ယာခင်း

၊ခေါင်းအုံးစွပ်တွေကို မှန်မှန်လျှော်ဖို့၊လဲဖို့ပြောခဲ့တယ်လို့သိရပါတယ်။

Source: World Of Buzz