ျမင့္ျမတ္ရဲ႕ စေနာက္မွုေၾကာင့္ ငိုခဲ့ရတဲ့ သ႐ုပ္ေဆာင္ေရႊသမီး

ခ်စ္စရာအမူအရာေလးနဲ႔ ပရိသတ္လက္ခံအားေပးမႈကုိ ရရွိ ထားသူကေတာ့ သ႐ုပ္ေဆာင္ ေရႊသမီးပါ။

အႏုပညာ ပ်ိဳးခင္းရဲ႕ေရြးခ်ယ္စင္တင္မႈနဲ႔ အႏုပညာေလာကကုိေရာက္ရွိ လာခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့႐ုပ္ရွင္ဇာတ္ကားေတြမွာဆက္တုိက္ ပါဝင္႐ုိက္ကူးေနၿပီျဖစ္ပါတယ္။

မၾကာခင္႐ုံတင္ျပသေတာ့မယ့္ ‘ဓားငျပဴး’ ႐ုပ္ရွင္ဇာတ္ကားမွာလည္း ျမင့္ျမတ္၊

ခင္လႈိင္စတဲ့ သ႐ုပ္ေဆာင္မ်ားနဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ဒီ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး…

”ဒီဇာတ္ကားထဲမွာေတာ့ ဂ်မ္းပုံဆုိတဲ့ေကာင္မေလး တစ္ ေယာက္ေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

အလွအပ လည္း တအားမက္တယ္။ နာမည္ႀကီးတာကုိလုိခ်င္တာေပါ့။ Popular ျဖစ္တာကုိ ႀကိဳက္တာေပါ့။

အဲဒီလုိျဖစ္တဲ့အခါ က် ေတာ့ ကိုယ့္ကုိယ္ကုိယ္ဂ်မ္းရတီဆုိၿပီးေတာ့ နာမည္ေျပာင္းထား တာေပါ့။ အဲဒီလုိပုံစံေလးပါ။

ဓားငျပဴးမွာ အမွတ္တရေတြကေတာ့ ကုိျမင့္ျမတ္ကတံတားေပၚကေန ျပဳတ္က်တဲ့အခန္းေပါ့။ သူျပဳတ္ က်သြားတဲ့ေရအုိင္ထဲမွာ ေမွ်ာ့ေတြမွအမ်ားႀကီးပဲ။

ကုိယ္က အရင္ က ေမွ်ာ့ကုိေသခ်ာမျမင္ဖူးဘူး။ မျမင္ဖူးေပမယ့္ ကိုယ္ကသိေနတာ ေပါ့ေနာ္။ ရွည္ၿပီးေတာ့မည္းမည္းႀကီးေတြ။

ကုိျမင့္ျမတ္က အဲဒီ ေမွ်ာ့ေတြကုိ တုတ္နဲ႔ယူၿပီးေတာ့ လုိက္စတာေပါ့။ အဲဒီမွာ ကိုယ္က ငုိေရာ။ အဲဒါကေတာ့ အမွတ္တရပါပဲ။

တအားႀကီးေၾကာက္တာ ေတာ့ မဟုတ္ပါဘူး။ အသည္းယားတာေပါ့” လုိ႔ ေျပာျပခဲ့ပါတယ္။

ေရႊသမီးက တိရစၧာန္ေလးေတြကို ခ်စ္တတ္သူျဖစ္ၿပီး ေနအိမ္ မွာလည္း အိမ္ေမြးတိရစၧာန္ေလးေတြေမြးထားသူပါ။

သူ႔ရဲ႕အိမ္ေမြး တိရစၧာန္ေလးေတြရဲ႕အေၾကာင္းကိုလည္း…

”အိမ္မွာေမြးထားတဲ့ တိရစၧာန္ေတြဆုိရင္ ရန္ကုန္မွာေတာ့ မရွိ ဘူး။ မႏၲေလးမွာရွိတယ္။ ေၾကာင္တစ္ေကာင္ရွိတ

ယ္။ ေခြးတစ္ေကာင္ ရွိတယ္။ ၾကက္ေလးတစ္ေကာင္ရွိတယ္။ ၿပီးရင္ မန္ဒါလီတစ္ေကာင္ ရွိတယ္။ မန္ဒါလီကို ဒါလီမလုိ႔အမည္ေပးထားပါတယ္”လုိ႔

သ႐ုပ္ေဆာင္ ေရႊသမီးက ေျပာျပခဲ့ပါတယ္။

Credit-Popular Journal

Unicode

ချစ်စရာအမူအရာလေးနဲ့ ပရိသတ်လက်ခံအားပေးမှုကို ရရှိ ထားသူကတော့ သရုပ်ဆောင် ရွှေသမီးပါ။

အနုပညာ ပျိုးခင်းရဲ့ရွေးချယ်စင်တင်မှုနဲ့ အနုပညာလောကကိုရောက်ရှိ လာခဲ့ပြီးနောက် လက်ရှိမှာတော့ရုပ်ရှင်ဇာတ်ကားတွေမှာဆက်တိုက် ပါဝင်ရိုက်ကူးနေပြီဖြစ်ပါတယ်။

မကြာခင်ရုံတင်ပြသတော့မယ့် ‘ဓားငပြူး’ ရုပ်ရှင်ဇာတ်ကားမှာလည်း မြင့်မြတ်၊

ခင်လှိုင်စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး…

”ဒီဇာတ်ကားထဲမှာတော့ ဂျမ်းပုံဆိုတဲ့ကောင်မလေး တစ် ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အလှအပ လည်း တအားမက်တယ်။ နာမည်ကြီးတာကိုလိုချင်တာပေါ့။ Popular ဖြစ်တာကို ကြိုက်တာပေါ့။

အဲဒီလိုဖြစ်တဲ့အခါ ကျ တော့ ကိုယ့်ကိုယ်ကိုယ်ဂျမ်းရတီဆိုပြီးတော့ နာမည်ပြောင်းထား တာပေါ့။ အဲဒီလိုပုံစံလေးပါ။

ဓားငပြူးမှာ အမှတ်တရတွေကတော့ ကိုမြင့်မြတ်ကတံတားပေါ်ကနေ ပြုတ်ကျတဲ့အခန်းပေါ့။ သူပြုတ် ကျသွားတဲ့ရေအိုင်ထဲမှာ မျှော့တွေမှအများကြီးပဲ။

ကိုယ်က အရင် က မျှော့ကိုသေချာမမြင်ဖူးဘူး။ မမြင်ဖူးပေမယ့် ကိုယ်ကသိနေတာ ပေါ့နော်။ ရှည်ပြီးတော့မည်းမည်းကြီးတွေ။

ကိုမြင့်မြတ်က အဲဒီ မျှော့တွေကို တုတ်နဲ့ယူပြီးတော့ လိုက်စတာပေါ့။ အဲဒီမှာ ကိုယ်က ငိုရော။ အဲဒါကတော့ အမှတ်တရပါပဲ။

တအားကြီးကြောက်တာ တော့ မဟုတ်ပါဘူး။ အသည်းယားတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

ရွှေသမီးက တိရစ္ဆာန်လေးတွေကို ချစ်တတ်သူဖြစ်ပြီး နေအိမ် မှာလည်း အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားသူပါ။

သူ့ရဲ့အိမ်မွေး တိရစ္ဆာန်လေးတွေရဲ့အကြောင်းကိုလည်း…

”အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေဆိုရင် ရန်ကုန်မှာတော့ မရှိ ဘူး။ မန္တလေးမှာရှိတယ်။ ကြောင်တစ်ကောင်ရှိတ

ယ်။ ခွေးတစ်ကောင် ရှိတယ်။ ကြက်လေးတစ်ကောင်ရှိတယ်။ ပြီးရင် မန်ဒါလီတစ်ကောင် ရှိတယ်။ မန်ဒါလီကို ဒါလီမလို့အမည်ပေးထားပါတယ်”လို့

သရုပ်ဆောင် ရွှေသမီးက ပြောပြခဲ့ပါတယ်။

Credit-Popular Journal