တိုးတက္ၾကီိးပြား ေအာင္ျမင္လိုေသာ လူငယ္တိုင္းအတြက္ ေအာင္​ျမင္​​ေရး လ ၃ လံုး

ေအာင္​ျမင္​​ေရး လ ၃ လံုး

၁။ ​ေလ့လာ

၂။ ​ေလ့က်င္​့

၃။ လက္​​ေတြ႔လုပ္​​

လူတစ္​​ေယာက္​ ​ေအာင္​ျမင္​ဖို႔ အ​ေျခခံအရ ​Knowledge ရယ္​၊ Skills ရယ္​ ၊ Experience ရယ္​ လိုတာကို​ေတြ႔ရတယ္​။

ဒါ​ေတြရလာ​ေအာင္​ဘယ္​လိုလုပ္​မလဲ။

Knowledge ​ေတြ လိုခ်င္​ရင္​ ​ေလ့လာသင္​ယူရမယ္​။

Skills ​ေတြ ရခ်င္​ရင္​ ​ေလ့လာရံုမၿပီး ​ေလ့က်င္​့မႈ​ေတြလိုတယ္​။

Experience ​ေတြ ရခ်င္​​ရင္​ တကယ္​လက္​​ေတြ႕ လုပ္​ရမယ္။

ဒါကို ကြၽန္​​ေတာ္​ “လ ၃ လံုး” ဆိုၿပီးအမည္​​ေပးလိုက္​တယ္​။

Knowledge, Skill, Experience ဒါ​ေတြအားနည္​းသူ​ေတြကို ၾကည္​့လိုက္​ရင္​ “လ ၃ လံုး” အားနည္​းလို႔ဆိုတာ ​ေတြ႔ရတယ္​။

​ေအာင္​ျမင္​​ေရး လ ၃ လံုး

၁။ ​ေလ့လာ

၂။ ​ေလ့က်င္​့

၃။ လက္​​ေတြ႔လုပ္​​

၁။ ​ေလ့လာ ➡ အသ္ိပညာဗဟုသုတ

ဘယ္​အရာမဆို ​ေလ့လာသင္​ယူမႈနဲ႔ပဲ စတင္​ရမယ္​။

​ေလ့လာျခင္​းဟာ အသိပညာ​ေတြတိုးပြား​ေစတယ္​။

ဘာမွမသိတာ ၊ ဘာမွ မ​ေလ့လာလို႔ပဲ။

မ်ားမ်ား သိခ်င္​​ေလ … မ်ားမ​်ား​ေလ့လာရ​ေလပဲ။

​ေလ့လာျခင္​းရပ္​တဲ့​ေန႔… အသိပညာ​ေတြရပ္​တန္​႔သြားတဲ့​ေန႔ပဲ။

ဒါ​ေၾကာင္​့ အဆက္​မျပတ္​ ​ေလ့လာသင္​ယူပါ။

၂။ ​ေလ့က်င္​့ ➡ ကြၽမ္​းက်င္​မႈ

​ေလ့လာရံုနဲ႔ၿပီးၿပီလား … ?

​ေလ့လာၿပီးတာနဲ႔ ​ေလ့က်င္​့မႈကို ကူးရပါမယ္​။

သင္တာသိဖို႔ … သိၿပီးရင္​ က်င္​့ဖို႔လိုတယ္​။

သင္​ၿပီးတာ​ေတြ မသံုးရင္​အလကားပဲ။

ဒါ့​ေၾကာင္​့ .. ​ေလ့လာၿပီးတိုင္​း ​ေလ့က်င္​့မႈျပဳပါ။

​ေလ့က်င္​့​ေလ​ေလ … ကြၽမ္​းက်င္​လာ​ေလ​ေလပဲ။

​ေလ့လာရင္​ သိရံုပဲ႐ွိမယ္​။ ​ကြၽမ္းက်င္​မသြားဘူး။

​ေလ့က်င္​့မွသာ ကြၽမ္​းက်င္​မယ္​။

Practic makes Perfect ဆိုတာ မ​ေမ့ပါနဲ႔။

​ေရကူးနည္​းကို ​ေလ့လာ​ေနရံုနဲ႔ ​ေရကူးခ်န္​ပီယံ ျဖစ္​မလာဘူး။

လူ​ေ႐ွ႕စကား​ေျပာနည္​းကို ​ေလ့လာရံုနဲ႔ စကား​ေျပာမကြၽမ္​းက်င္​သြားဘူး။ ​

ေခါင္​း​ေဆာင္​မႈကို ​ေလ့လာရံုနဲ႔ ​ဦး​ေဆာင္​မႈမွာ မကြၽမ္​းက်င္​သြားႏိုင္​ဘူး။

​ေျပာရရင္​ ဘယ္​အရာမွ ​ေလ့လာရံု​ေလးနဲ႔ မ​ေအာင္​ျမင္​ႏိုင္​ဘူး။ ​ေလ့က်င္​့မႈမ်ားမ်ားလုပ္​ရမယ္​။

​ဒါ​ေၾကာင္​့ ​ေလ့လာၿပီးတိုင္​း ​ေလ့က်င္​့ပါ။

အဆက္​မျပတ္​​ေလ့လာၿပီး အဆက္​မ​ျပတ္​​ေလ့က်င္​့ရင္​

အသိပညာ နဲ႔ ကြၽမ္​းက်င္​မႈ​ေတြ အဆက္​မျပတ္​ တိုးပြား​ေနလိမ္​့မယ္​။

၃။ လက္​​​ေတြ႔လုပ္​ ➡ အ​ေတြ႔အၾကံဳ

​ေလ့လာၿပီးၿပီ၊ ​ေလ့က်င္​့ထားၿပီးၿပီဆို … အဆင္​သင္​့ျဖစ္​​ေနၿပီ။

လက္​​ေတြ႔တကယ္​လုပ္​ပါ။ တကယ္​လုပ္​မွ တကယ္​ရပါတယ္​။ ​

လက္​​ေတြ႔လုပ္​ျခင္​းက​ေတာ့ အ​ေတြ႔အၾကံဳ ​ေတြကို ရ႐ွိ​ေစပါတယ္​။

တကယ္​့ဆရာသမားက အ​ေတြ႔အၾကံဳ ဆိုတဲ့ Experience ဆိုတာႀကီးပါပဲ။

ပြဲမဝင္​ခင္​ အျပင္​မွာက်င္​းပဆိုတဲ့အတိုင္​း လက္​​ေတြ႔မလုပ္​ခင္​ေလ့​က်င္​့ထားရပါတယ္​။ ​​

ေကာင္​းစြာ ​ေလ့က်င္​့ထား တဲ့သူမွ လက္​​ေတြ႔လုပ္​တဲ့ တကယ္​့ၿပိဳင္​ကြင္​းထဲမွာ အႏုိင္​​​ရမွာပါ။ ​

ေလ့က်င္​့ထားမွသာ ၿပိဳင္​ပြဲ​ေတြမွာ ယွဥ္​ၿပိဳင္​ႏိုင္​မွာပါ။ ​ေခြၽးထြက္​မ်ားမွ ​ေသြးထြက္​နည္​းပါမယ္။

ဒီ​ေတာ့ …

၁။ ​ေလ့လာပါ

၂။ ​ေလ့က်င္​့ပါ

၃။ လက္​​ေတြ႔လုပ္​​ေဆာင္​ပါ။

၁။ ​အဆက္​မျပတ္​ေလ့လာပါ

၂။ ​အဆက္​မျပတ္​ေလ့က်င္​့ပါ

၃။ အဆက္​မျပတ္​လက္​​ေတြ႔လုပ္​​ေဆာင္​ပါ။

ဒီ “လ ၃ လံုး” ကိုသာ အထပ္​ထပ္​လုပ္​​ေဆာင္​သြားမယ္​ဆိုရင္​ ပိုမိုတိုးတက္​​ေအာင္​ျမင္​လာမွာ ​ေသခ်ာပါတယ္​။

နယ္​ပယ္​တစ္​ခုခုမွာ ​ေအာင္ျမင္​​ေအာင္​ဘယ္​လိုလုပ္​ရမလဲလို႔ လာ​ေမးတိုင္​းမွာ ကြၽန္​​ေတာ္​ ​ေျဖ​ေပးတဲ့၊

အၾကံ​ေပးတဲ့ ​ေအာင္​ျမင္​​ေရး​ေဖာ္​ျမဴလာက​ေတာ့ “လ ၃ လံုး” ပါပဲ။

ဒါဟာ ကြၽန္​​ေတာ္​ ႐ွာ​ေဖြ​​ေတြ႕႐ွိထားတဲ့ ​ေအာင္​ျမင္​​ေရး က​​်င္​့စဥ္​တစ္​ခုပါ။

ဒီအတိုင္​းပဲ ကြၽန္​​ေတာ္​​ေတာ့ က်င့္​သံုး တယ္​။ ​ေအာင္​ျမင္​လိုသူ​ေတြကိုလည္​း ဒီအတိုင္​း က်င့္​သံုး​ ေစတယ္​။

က်င္​့သံုးတဲ့သူတိုင္​းလည္​း ဆိုင္​ရာ နယ္​ပယ္​မွာ ေအာင္ျမင္​မႈ​ေတြ ရ႐ွိတယ္​။

​သင္​လည္​း ဒီ “လ ၃ လံုး” ကို သိၿပီးအသံုးခ်ၿပီဆိုရင္​ ​​ေအာင္​ျမင္​မႈ​ေတြ အဆက္​မျပတ္​ ရ႐ွိ​ေတာ့မယ္​ဆိုတာ အ​ေသအခ်ာပါပဲ။

ကဲ .. အခုပဲစတင္​လိုက္​ၾကရ​ေအာင္​ …

လ ၃ လံုး © ဖူး​ေက်ာ္​ဇင္​ (Future Wave)

Phoo Kyaw Zin (Future Wave)

Author & Motivational Speaker

Founder of Future Wave Training

Unicode

အောင်မြင်ရေး လ ၃ လုံး

၁။ လေ့လာ

၂။ လေ့ကျင့်

၃။ လက်တွေ့လုပ်

လူတစ်ယောက် အောင်မြင်ဖို့ အခြေခံအရ Knowledge ရယ်၊ Skills ရယ် ၊ Experience ရယ် လိုတာကိုတွေ့ရတယ်။

ဒါတွေရလာအောင်ဘယ်လိုလုပ်မလဲ။

Knowledge တွေ လိုချင်ရင် လေ့လာသင်ယူရမယ်။

Skills တွေ ရချင်ရင် လေ့လာရုံမပြီး လေ့ကျင့်မှုတွေလိုတယ်။

Experience တွေ ရချင်ရင် တကယ်လက်တွေ့ လုပ်ရမယ်။

ဒါကို ကျွန်တော် “လ ၃ လုံး” ဆိုပြီးအမည်ပေးလိုက်တယ်။

Knowledge, Skill, Experience ဒါတွေအားနည်းသူတွေကို ကြည့်လိုက်ရင် “လ ၃ လုံး” အားနည်းလို့ဆိုတာ တွေ့ရတယ်။

အောင်မြင်ရေး လ ၃ လုံး

၁။ လေ့လာ

၂။ လေ့ကျင့်

၃။ လက်တွေ့လုပ်

၁။ လေ့လာ ➡ အသိပညာဗဟုသုတ

ဘယ်အရာမဆို လေ့လာသင်ယူမှုနဲ့ပဲ စတင်ရမယ်။

လေ့လာခြင်းဟာ အသိပညာတွေတိုးပွားစေတယ်။

ဘာမှမသိတာ ၊ ဘာမှ မလေ့လာလို့ပဲ။

များများ သိချင်လေ … များများလေ့လာရလေပဲ။

လေ့လာခြင်းရပ်တဲ့နေ့… အသိပညာတွေရပ်တန့်သွားတဲ့နေ့ပဲ။

ဒါကြောင့် အဆက်မပြတ် လေ့လာသင်ယူပါ။

၂။ လေ့ကျင့် ➡ ကျွမ်းကျင်မှု

လေ့လာရုံနဲ့ပြီးပြီလား … ?

လေ့လာပြီးတာနဲ့ လေ့ကျင့်မှုကို ကူးရပါမယ်။

သင်တာသိဖို့ … သိပြီးရင် ကျင့်ဖို့လိုတယ်။

သင်ပြီးတာတွေ မသုံးရင်အလကားပဲ။

ဒါ့ကြောင့် .. လေ့လာပြီးတိုင်း လေ့ကျင့်မှုပြုပါ။

လေ့ကျင့်လေလေ … ကျွမ်းကျင်လာလေလေပဲ။

လေ့လာရင် သိရုံပဲရှိမယ်။ ကျွမ်းကျင်မသွားဘူး။

လေ့ကျင့်မှသာ ကျွမ်းကျင်မယ်။

Practic makes Perfect ဆိုတာ မမေ့ပါနဲ့။

ရေကူးနည်းကို လေ့လာနေရုံနဲ့ ရေကူးချန်ပီယံ ဖြစ်မလာဘူး။

လူရှေ့စကားပြောနည်းကို လေ့လာရုံနဲ့ စကားပြောမကျွမ်းကျင်သွားဘူး။

ခေါင်းဆောင်မှုကို လေ့လာရုံနဲ့ ဦးဆောင်မှုမှာ မကျွမ်းကျင်သွားနိုင်ဘူး။

ပြောရရင် ဘယ်အရာမှ လေ့လာရုံလေးနဲ့ မအောင်မြင်နိုင်ဘူး။ လေ့ကျင့်မှုများများလုပ်ရမယ်။

ဒါကြောင့် လေ့လာပြီးတိုင်း လေ့ကျင့်ပါ။

အဆက်မပြတ်လေ့လာပြီး အဆက်မပြတ်လေ့ကျင့်ရင်

အသိပညာ နဲ့ ကျွမ်းကျင်မှုတွေ အဆက်မပြတ် တိုးပွားနေလိမ့်မယ်။

၃။ လက်တွေ့လုပ် ➡ အတွေ့အကြုံ

လေ့လာပြီးပြီ၊ လေ့ကျင့်ထားပြီးပြီဆို … အဆင်သင့်ဖြစ်နေပြီ။

လက်တွေ့တကယ်လုပ်ပါ။ တကယ်လုပ်မှ တကယ်ရပါတယ်။

လက်တွေ့လုပ်ခြင်းကတော့ အတွေ့အကြုံ တွေကို ရရှိစေပါတယ်။

တကယ့်ဆရာသမားက အတွေ့အကြုံ ဆိုတဲ့ Experience ဆိုတာကြီးပါပဲ။

ပွဲမဝင်ခင် အပြင်မှာကျင်းပဆိုတဲ့အတိုင်း လက်တွေ့မလုပ်ခင်လေ့ကျင့်ထားရပါတယ်။

ကောင်းစွာ လေ့ကျင့်ထား တဲ့သူမှ လက်တွေ့လုပ်တဲ့ တကယ့်ပြိုင်ကွင်းထဲမှာ အနိုင်ရမှာပါ။

လေ့ကျင့်ထားမှသာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်မှာပါ။ ချွေးထွက်များမှ သွေးထွက်နည်းပါမယ်။

ဒီတော့ …

၁။ လေ့လာပါ

၂။ လေ့ကျင့်ပါ

၃။ လက်တွေ့လုပ်ဆောင်ပါ။

၁။ အဆက်မပြတ်လေ့လာပါ

၂။ အဆက်မပြတ်လေ့ကျင့်ပါ

၃။ အဆက်မပြတ်လက်တွေ့လုပ်ဆောင်ပါ။

ဒီ “လ ၃ လုံး” ကိုသာ အထပ်ထပ်လုပ်ဆောင်သွားမယ်ဆိုရင် ပိုမိုတိုးတက်အောင်မြင်လာမှာ သေချာပါတယ်။

နယ်ပယ်တစ်ခုခုမှာ အောင်မြင်အောင်ဘယ်လိုလုပ်ရမလဲလို့ လာမေးတိုင်းမှာ ကျွန်တော် ဖြေပေးတဲ့၊

အကြံပေးတဲ့ အောင်မြင်ရေးဖော်မြူလာကတော့ “လ ၃ လုံး” ပါပဲ။

ဒါဟာ ကျွန်တော် ရှာဖွေတွေ့ရှိထားတဲ့ အောင်မြင်ရေး ကျင့်စဉ်တစ်ခုပါ။

ဒီအတိုင်းပဲ ကျွန်တော်တော့ ကျင့်သုံး တယ်။ အောင်မြင်လိုသူတွေကိုလည်း ဒီအတိုင်း ကျင့်သုံး စေတယ်။

ကျင့်သုံးတဲ့သူတိုင်းလည်း ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိတယ်။

သင်လည်း ဒီ “လ ၃ လုံး” ကို သိပြီးအသုံးချပြီဆိုရင် အောင်မြင်မှုတွေ အဆက်မပြတ် ရရှိတော့မယ်ဆိုတာ အသေအချာပါပဲ။

ကဲ .. အခုပဲစတင်လိုက်ကြရအောင် …

လ ၃ လုံး © ဖူးကျော်ဇင် (Future Wave)

Phoo Kyaw Zin (Future Wave)

Author & Motivational Speaker

Founder of Future Wave Training