မိန္းကေလး စိတ္ဓာတ္က်ေနလား?? စိတ္ခ်မ္းသာေအာင္ ေနနည္း

ညအိပ္ေရးဝဝ အိပ္ပါ

ေရခ်ိဳး ေခါင္းေလ်ာ္ပါ

အက်ႌ ေဘာင္းဘီအသစ္ဝတ္ပါ

ဝတ္ေနက် Styleေျပာင္းလိုက္ပါ

lotion/ ေရေမႊးေျပာင္းသံုးပါ

အျပင္ထြက္စားပါ

ဆံပင္ style/ color ေျပာင္းပါ

မိတ္ကပ္ လိမ္းျခယ္ပါ

ႏုတ္ခမ္းနီ အေရာင္ေတာက္ေတာက္ေလးဆိုးပါ

ကိုယ့္ကိုကိုယ္ လွသထက္လွေအာင္ေနပါ

အၿမဲ ၿပံဳးေနလိုက္ပါ

အက်ႌအဝတ္ ကိုယ့္နဲ႔မလိုက္ဘူးထင္ရင္

ဆက္မဝတ္နဲ႔ ေပးပစ္လိုက္ပါ

သူငယ္ခ်င္းေတြနဲ႔ အျပင္ထြက္လည္ပါ

ကိုယ့္ကို စိတ္ရွဴပ္ေစ စိတ္ညစ္ေစတဲ့ stressႀကီးကေန ၂ရက္ ၃ရက္ေလာက္ ေရွာင္ေနလိုက္ပါ

ဟာသကား ၾကည့္ပါ

အားရပါးရ ရယ္လိုက္ပါ

ငိုခ်င္ရင္ အခန္းတံခါးပိတ္ ငိုသာခ်လိုက္ပါ

ရင္ဖြင့္စရာ တေယာက္ေတာင္မရွိရင္

စာအုပ္ထဲမွာ ခ်သာေရးလိုက္ပါ

အေျခအေနေပးရင္ ၃ရက္ / ၁ပတ္ တေယာက္ထဲ ခရီးထြက္လိုက္ပါ

ဓာတ္ပံု လွလွေလး ေတြရိုက္ပါ

ေနာင္တရစရာေတြ မစဥ္းစားပါနဲ႔

အလုပ္အေၾကာင္း /stressျဖစ္ေစမဲ့ အရာေတြကို

၁ပတ္ေလာက္ ေမ့ပစ္လိုက္ပါ

သတိရစရာ ႀကံဳလဲ ခဏသာ ေတြးပါ

အၾကာႀကီး မေတြးနဲ႔

ကိုယ့္ကိုကိုယ္ မျငင္းဆဲပါနဲ႔

စိတ္အနားေပးလိုက္ပါ

ယံုၾကည္မႈ ရွိေအာင္ လွလွပပေနလိုက္ပါ

ဝတ္ခ်င္တာ ဝတ္လိုက္ပါ

စားခ်င္တာ အဝ စားလိုက္ ပါ

Ktv မွာ သီခ်င္းဆို အားရပါးရ ေပါက္ကြဲပစ္လိုက္ပါ

သြားဖို႔ အေဖာ္ ပါစရာမလိုဘူး/ မပါလဲ ရတယ္

လူေတြ ကိုယ္ကို ဘယ္လိုျမင္မလဲ အေတြးေတြ ေဖ်ာက္ပစ္လိုက္

ကား/ ဆိုင္ကယ္ ေလ်ာက္စီးပစ္လိုက္

ဒီအခ်က္ေတြထဲက အကုန္လံုး မဟုတ္ေတာင္ တမ်ိဳးမဟုတ္ တမ်ိဳးလုပ္ပလိုက္ပါ

ဒါဆို အနည္းဆံုးေတာ့ ေနသာထိုင္သာ ရွိမယ္

ေနသာၾကပါေစ

Credit : Original

Unicode

ညအိပ်ရေးဝဝ အိပ်ပါ

ရေချိုး ခေါင်းလျော်ပါ

အင်္ကျီ ဘောင်းဘီအသစ်ဝတ်ပါ

ဝတ်နေကျ Styleပြောင်းလိုက်ပါ

lotion/ ရေမွှေးပြောင်းသုံးပါ

အပြင်ထွက်စားပါ

ဆံပင် style/ color ပြောင်းပါ

မိတ်ကပ် လိမ်းခြယ်ပါ

နုတ်ခမ်းနီ အရောင်တောက်တောက်လေးဆိုးပါ

ကိုယ့်ကိုကိုယ် လှသထက်လှအောင်နေပါ

အမြဲ ပြုံးနေလိုက်ပါ

အင်္ကျီအဝတ် ကိုယ့်နဲ့မလိုက်ဘူးထင်ရင်

ဆက်မဝတ်နဲ့ ပေးပစ်လိုက်ပါ

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပါ

ကိုယ့်ကို စိတ်ရှူပ်စေ စိတ်ညစ်စေတဲ့ stressကြီးကနေ ၂ရက် ၃ရက်လောက် ရှောင်နေလိုက်ပါ

ဟာသကား ကြည့်ပါ

အားရပါးရ ရယ်လိုက်ပါ

ငိုချင်ရင် အခန်းတံခါးပိတ် ငိုသာချလိုက်ပါ

ရင်ဖွင့်စရာ တယောက်တောင်မရှိရင်

စာအုပ်ထဲမှာ ချသာရေးလိုက်ပါ

အခြေအနေပေးရင် ၃ရက် / ၁ပတ် တယောက်ထဲ ခရီးထွက်လိုက်ပါ

ဓာတ်ပုံ လှလှလေး တွေရိုက်ပါ

နောင်တရစရာတွေ မစဉ်းစားပါနဲ့

အလုပ်အကြောင်း /stressဖြစ်စေမဲ့ အရာတွေကို

၁ပတ်လောက် မေ့ပစ်လိုက်ပါ

သတိရစရာ ကြုံလဲ ခဏသာ တွေးပါ

အကြာကြီး မတွေးနဲ့

ကိုယ့်ကိုကိုယ် မငြင်းဆဲပါနဲ့

စိတ်အနားပေးလိုက်ပါ

ယုံကြည်မှု ရှိအောင် လှလှပပနေလိုက်ပါ

ဝတ်ချင်တာ ဝတ်လိုက်ပါ

စားချင်တာ အဝ စားလိုက် ပါ

Ktv မှာ သီချင်းဆို အားရပါးရ ပေါက်ကွဲပစ်လိုက်ပါ

သွားဖို့ အဖော် ပါစရာမလိုဘူး/ မပါလဲ ရတယ်

လူတွေ ကိုယ်ကို ဘယ်လိုမြင်မလဲ အတွေးတွေ ဖျောက်ပစ်လိုက်

ကား/ ဆိုင်ကယ် လျောက်စီးပစ်လိုက်

ဒီအချက်တွေထဲက အကုန်လုံး မဟုတ်တောင် တမျိုးမဟုတ် တမျိုးလုပ်ပလိုက်ပါ

ဒါဆို အနည်းဆုံးတော့ နေသာထိုင်သာ ရှိမယ်

နေသာကြပါစေ

Credit : Original