ချစ်သူကို တကယ်ချစ်ရင် သစ္စာရှိဖို့က အဓိက လိုအပ်ပါတယ်နော်
လူတစ်ယောက်ကို ချစ်တာက သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ချစ်ရင် သူမကောင်းတဲ့ အချိန်မှာ စိတ်ပျက်ပြီးသစ္စာပါ ပျက်ပါလိမ့်မယ်။
လူတစ်ယောက်ကို ချစ်မိပြီ ဆိုတာနဲ့ အဆိုးဆုံး ရလာဒ်ကို လက်ခံနိုင်မှ နာကျင်မှု သက်သာမှာ ဖြစ်သလို အကောင်းဆုံးတွေပဲ ဖြစ်လာမယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
credit မုန်းမာန်ခ
Unicode
အချစ်စစ် မစစ်ကို တိုင်းတာနိူင်သော တစ်ခုတည်းသော ပေတံဟာ” သစ္စာ”ဖြစ်ပါတယ်။ သစ္စာ မရှိဘဲ အသစ်ရှာနေရင် သေချာပါတယ် တစ်ကယ် မချစ်လို့ပါ။
လူတစ်ယောက်ကို ချစ်တာက သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ချစ်ရင် သူမကောင်းတဲ့ အချျိန်မှာ စိတ်ပျက်ပြီးသစ္စာပါ ပျက်ပါလိမ့်မယ်။
ချစ်လို့ ကောင်းကွက်ကို မြင်တာကမှ အချစ်စစ်ပါ။
လူတစ်ယောက်ကို သင် တစ်ကယ် ချစ်တတ်လာပြီဆိုရင် ချစ်သူရဲ့ အားသာချက်တွေကို လေးစား တန်ဖိုးထားပြီး အားနည်းချက် တွေကိုပါ ချစ်တတ်လာပါလိမ့်မယ်။
တကယ့် မေတ္တာစစ်မှာ ရုပ်ရည် မလိုသလို ၊ ပိုင်ဆိုင်မှုလည်း မလိုပါဘူး ။ ချောလို့ ချစ်တာ မဟုတ်ဘဲ ချစ်လို့ ချောတာပါ။
ကိုယ်က ချစ်နေရင် ချစ်သူက အလိုလို လှသွားပါလိမ့်မယ်။
လူတစ်ယောက်ကို ချစ်မိပြီ ဆိုတာနဲ့ အဆိုးဆုံး ရလာဒ်ကို လက်ခံနိူင်မှ နာကျင်မှု သက်သာမှာ ဖြစ်သလို အကောင်းဆုံးတွေပဲ ဖြစ်လာမယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ဘာလို့လဲဆိုတော့ ချစ်တိုင်းလည်း မညားတတ်သလို အချစ်နဲ့ ဘဝကလည်း တစ်ထပ်တည်း ကျဖို့ ခဲယဉ်းပါတယ်။
တကယ်တော့… အချစ်ဆိုတာ အနေနီးခြင်း ၊ ဝေးခြင်းထက် အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ “သူ” ဆိုတဲ့ စိတ်ကလေးနဲ့ သစ္စာတရား စောင့်ထိမ်းခြင်းပါပဲ။
credit မုန်းမာန်ခ