မ်က္မွန္ တသက္လုံး လြတ္ေစေသာ ေဆးနည္း !

မ်က္မွန္ အေဆာင္ လြတ္ေစေသာ ခေပါင္းေရၾကည္ႏွင့္ ဖန္ခါးသီးအစြမ္း

“̏ ဆရာ မ်က္မွန္ မပါပဲ လမ္းေတြေလၽွာက္။ စာေတြဖတ္နဲ႔ပါလား˝

̏“ကၽြန္ေတာ္ မ်က္စိမမႈန္ေတာ့ဘူးဗ်˝

“လုပ္ပါဦး ေဆးနည္း ေကာင္း˝

“̏ခေပါင္းေရၾကည္ အေခါက္ (၁၀) က်ပ္သားေလာက္ကို ထန္းလ်က္ (၃) လုံး၊ ေရမတ္ခြက္ (၉) ခြက္နဲ႔ ေရာက်ိဳၿပီး အေအးခံတယ္။ ၿပီးမွအရည္စစ္ယူၿပီး ပုလင္းထဲ ထည့္ထားတယ္။ ေန႔တိုင္း လက္ဖက္ရည္ ပန္းကန္တစ္လုံးစာ ေသာက္တယ္။ ေဆးကုန္ရင္ ေနာက္တစ္ခါစီမံၿပီး မျပတ္မွီ၀ဲ တယ္။˝

̏ေနာက္တစ္နည္းလည္းလုပ္တယ္̏

“အဲ့ဒါ ဖန္းခါးသီး ကို အမွုန႔္လုပ္ထားတာ။ တစ္ပတ္ (၂) ႀကိမ္ ဖန္ခါးမွုန႔္နဲ႔ နႏြင္းမွုန႔္စစ္စစ္ကို ေရနဲ႔ေရာစပ္ၿပီး ညအိပ္ခ်ိန္ကြင္းၿပီးအိပ္တာပဲ။ မ်က္ရည္ ပူက်တာ၊ မ်က္စိေအာင့္တာ၊ အျမင္ေ၀ဝါး မ်က္စိမွုန္ တာမျဖစ္ေတာ့ ဘူး။˝

ခေပါင္းေရၾကည္

ပင္လတ္မ်ိဳးျဖစ္သည္။ အေခါက္ မွာ မီးခိုေရာင္ ျဖစ္သည္။ အပြင့္သည္ ျဖဴ၍ေမႊြးသည္။ အသီးသည္ ဆီးျဖဴသီးအရြယ္ရွိ၍ မွည့္လၽွင္ သေျပရင့္ေရာင္ျဖစ္္ကာ အေစ့တစ္ေစ့သာရွိသည္။ အရြက္မွာ ခေပါင္းရြက္ႏွင့္ တူေသာ္လည္း ခေပါင္းရြက္ထက္မ်ားစြာေသးသည္။

ဂုဏ္ႏွင့္စြမ္းရည္တြင္ မ်က္စိ ကိုအက်ိဳးျပဳၿပီး မ်က္စိ ေရာဂါ ကို ေပ်ာက္ကင္းေစကာ ေရကိုၾကည္လင္ေစတတ္သည္။

မ်က္စိ ေသြးေျခတည္

ခေပါင္းေရၾကည္ေစ့ ကို ေသြး၍ မ်က္စိကြင္းေပးလၽွင္ ထို ေရာဂါ ေပ်ာက္သည္။ အျခားေသာ မ်က္စိ နာဟူသမၽွ ထိုနည္းအတိုင္းျပဳလုပ္ေပးပါက ေပ်ာက္ကင္းသည္။

မ်က္စိမႈန္

ခေပါင္းေရၾကည္ေစ့ ကို ေသြး၍ မ်က္စိ ကြင္းေပးပါက မ်က္စိ မွုန္ဝါးျခင္းကင္း၍ အျမင္သန္လာပါလိမ့္မည္။

မ်က္စိ တိမ္သလာ

ယင္းအေစ့ကို ပ်ားရည္ႏွင့္ေသြးကာ မ်က္စိ အားကြင္းေပးပါက မ်က္စိတိမ္သလာေရာဂါ ေပ်ာက္ကင္း၏။

ခေပါင္းေရၾကည္ ႏွင့္ပတ္သက္ၿပီး အျခားေပ်ာက္ကင္းေစေသာ ေရာဂါမ်ားလည္း ရွိေနေသးပါသည္။ အဓိက မ်က္စိေရာဂါကို ေပ်ာက္ကင္းေၾကာင္း အရွင္နာဂသိန္ေဆးက်မ္းတြင္ ညႊန္းဆိုသည္။

Credit: ယမင္း ျဖဴ

Unicode

မျက်မှန် အဆောင် လွတ်စေသော ခပေါင်းရေကြည်နှင့် ဖန်ခါးသီးအစွမ်း

“̏ ဆရာ မျက်မှန် မပါပဲ လမ်းတွေလျှောက်။ စာတွေဖတ်နဲ့ပါလား˝

̏“ကျွန်တော် မျက်စိမမှုန်တော့ဘူးဗျ˝

“လုပ်ပါဦး ဆေးနည်း ကောင်း˝

“̏ခပေါင်းရေကြည် အခေါက် (၁၀) ကျပ်သားလောက်ကို ထန်းလျက် (၃) လုံး၊ ရေမတ်ခွက် (၉) ခွက်နဲ့ ရောကျိုပြီး အအေးခံတယ်။ ပြီးမှအရည်စစ်ယူပြီး ပုလင်းထဲ ထည့်ထားတယ်။ နေ့တိုင်း လက်ဖက်ရည် ပန်းကန်တစ်လုံးစာ သောက်တယ်။ ဆေးကုန်ရင် နောက်တစ်ခါစီမံပြီး မပြတ်မှီဝဲ တယ်။˝

̏နောက်တစ်နည်းလည်းလုပ်တယ်̏

“အဲ့ဒါ ဖန်းခါးသီး ကို အမှုန့်လုပ်ထားတာ။ တစ်ပတ် (၂) ကြိမ် ဖန်ခါးမှုန့်နဲ့ နနွင်းမှုန့်စစ်စစ်ကို ရေနဲ့ရောစပ်ပြီး ညအိပ်ချိန်ကွင်းပြီးအိပ်တာပဲ။ မျက်ရည် ပူကျတာ၊ မျက်စိအောင့်တာ၊ အမြင်ဝေဝါး မျက်စိမှုန် တာမဖြစ်တော့ ဘူး။˝

ခပေါင်းရေကြည်

ပင်လတ်မျိုးဖြစ်သည်။ အခေါက် မှာ မီးခိုရောင် ဖြစ်သည်။ အပွင့်သည် ဖြူ၍မွှွေးသည်။ အသီးသည် ဆီးဖြူသီးအရွယ်ရှိ၍ မှည့်လျှင် သပြေရင့်ရောင်ဖြစ်ကာ အစေ့တစ်စေ့သာရှိသည်။ အရွက်မှာ ခပေါင်းရွက်နှင့် တူသော်လည်း ခပေါင်းရွက်ထက်များစွာသေးသည်။

ဂုဏ်နှင့်စွမ်းရည်တွင် မျက်စိ ကိုအကျိုးပြုပြီး မျက်စိ ရောဂါ ကို ပျောက်ကင်းစေကာ ရေကိုကြည်လင်စေတတ်သည်။

မျက်စိ သွေးခြေတည်

ခပေါင်းရေကြည်စေ့ ကို သွေး၍ မျက်စိကွင်းပေးလျှင် ထို ရောဂါ ပျောက်သည်။ အခြားသော မျက်စိ နာဟူသမျှ ထိုနည်းအတိုင်းပြုလုပ်ပေးပါက ပျောက်ကင်းသည်။

မျက်စိမှုန်

ခပေါင်းရေကြည်စေ့ ကို သွေး၍ မျက်စိ ကွင်းပေးပါက မျက်စိ မှုန်ဝါးခြင်းကင်း၍ အမြင်သန်လာပါလိမ့်မည်။

မျက်စိ တိမ်သလာ

ယင်းအစေ့ကို ပျားရည်နှင့်သွေးကာ မျက်စိ အားကွင်းပေးပါက မျက်စိတိမ်သလာရောဂါ ပျောက်ကင်း၏။

ခပေါင်းရေကြည် နှင့်ပတ်သက်ပြီး အခြားပျောက်ကင်းစေသော ရောဂါများလည်း ရှိနေသေးပါသည်။ အဓိက မျက်စိရောဂါကို ပျောက်ကင်းကြောင်း အရှင်နာဂသိန်ဆေးကျမ်းတွင် ညွှန်းဆိုသည်။

Credit: ယမင်း ဖြူ