ေတာင္ကိုးရီးယားလူမ်ိဳးေတြဟာ ထမင္းစားရင္ဘာလို႔ထမင္းကိုပန္းကန္လံုးေလးတစ္လံုးစာ ကိုပဲထည့္စားပါသလဲ

ဆိုင္ေတြမွာေရာင္းရင္လည္း ထမင္းတစ္ပြဲစာဟာ တစ္လုပ္စာသာသာမွ်သာရွိတ့ဲပန္းကန္လံုးေလးတစ္လံုးစာပဲရွိပါတယ္။ဒါဟာဘာလို႔လဲဆိုရင္ ကိုးရီးယားေတြဟာထမင္းကိုအရမ္းတန္ဖိုးထားလို႔ပါ။

ဒီပန္းကန္လံုးေလးထဲကထမင္းဟာ လူတစ္ေယာက္ အတြက္အကုန္မစားနိုင္စရာအေၾကာင္းမရွိပါဘူးအရမ္းဗိုက္ဆာေနလို႔ ဒီလိုထမင္းဆယ္လံုးစားရင္လည္း
သူတို႔မျငိဳျငင္ပါဘူးသူတို႔စိုးရိမ္တာက ထမင္းကိုမကုန္ဘဲ လႊင့္ပစ္မွာကိုစိုးလို႔ပါ တ့ဲ။

ေတာင္ကိုးရီးယားနိုင္ငံသားေတြဟာထမင္း လႊင့္ပစ္တတ္တ့ဲလူေတြကိုမ်က္ေစာင္းထိုးပါတယ္။မ်က္ေစာင္းထိုးတယ္ဆိုတာကိုးရီးယားနိုင္ငံသားေတြ
ေတာ္ရံုတန္ရုံံုအျပစ္မ်ိဳးကိုက်ဴးလြန္ရင္ေတာင္ မ်က္ေစာင္းမထိုးတတ္ပါဘူး မ်က္ေစာင္းထိုးခံရတ့ဲလူဟာ အင္မတန္ေဒါသထြက္အျမင္ကတ္စရာေကာင္းတ့ဲလူပါ ။

ဒါ့ေၾကာင့္ ကိုးရီးယားနိုင္ငံသားေတြဟာ လူတစ္ေယာက္ေယာက္ကမ်က္ေစာင္းထိုးျပီးၾကည့္မွာကို အလြန္အင္မတန္္စိုးရိမ္ၾကပါတယ္။
ကိုးရီးယားနိုင္ငံသားေတြ ထမင္းကိုတန္ဖိုးထားရတ့ဲ အေၾကာင္းအရင္းကိုေျပာပါမယ္။

ကိုးရီးယားနိုင္ငံဟာ ၁၉၄၅ခုနွစ္က ဂ်ပန္လက္ေအာက္ကလြတ္လပ္ေရးရခ့ဲတာပါ။
ဂ်ပန္လက္ေအာက္မွာဖိနွိပ္ခံဘ၀န႔ဲ အစာေရစာငတ္ ဆင္းဆင္းရဲရဲေနခ့ဲၾကရပါတယ္။
ထမင္းအစားေျပာင္းဆန္မ်ားကိုျပဳတ္ျပီးစားၾကရပါတယ္။ ဒါ့ေၾကာင့္ ခုခ်ိန္ထိ ဂ်ပန္ဆိုရင္ စိတ္ထဲမွာအရမ္းမုန္းပါတယ္။

ကိုးရီးယားနိုင္ငံဟာ ၁၅ရက္ ၈လ ၁၉၄၅ခုနွစ္က ဂ်ပန္လက္ေအာက္ကလြတ္ေျမာက္ခ့ဲတာျဖစ္ျပီးျမန္မာနိုင္ငံထက္ ၂နွစ္ေက်ာ္ေစာျပီးလြတ္လပ္ေရးရခ့ဲတာျဖစ္ေပမယ့္တိုင္းျပည္ဟာ လံုး၀မျငိမ္းခ်မ္းခ့ဲပါဘူး။ေတာင္န႔ဲေျမာက္သေဘာထားကြဲလြဲမႈေတြြျဖစ္လာျပီး
လြတ္လပ္ေရးရျပီး၅နွစ္အၾကာ ၁၉၅၀ခုနွစ္မွာေတာ့ေတာင္န႔ဲေျမာက္စစ္ပြဲစတင္ပါေတာ့တယ္ ။၁၉၅၀ခုနွစ္ကေန ၁၉၅၃ခုနွစ္ထိ ၃နွစ္ဆက္တိုက္စစ္ေတြ အျပန္အလွန္တိုက္လိုက္ၾကတာနဂိုကတည္းကမွေ ဆာင္းရာသီဆို ဘာအပင္မွ မျဖစ္ထြန္းတ့ဲနိုင္ငံစစ္ေၾကာင့္
ဘာဆန္စပါးမွမစိုက္ပ်ိဳးရဲစိုက္ပ်ိဳးေျမလည္းနည္းပါးတ့ဲနိုင္ငံမွာ လူေတြအကုန္လံုးျမက္ေျခာက္စားရေတာ့့မယ့္ဘ၀ကိုေရာက္လာပါေတာ့တယ္။

ဒါေတြကိုမၾကည့္ရက္ေတာ့လို႔နိုင္ငံတစ္ကာက ဆန္စပါးေတြ ေထာက္ပ့ံတာ ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံကလည္း စပါးတင္းသိန္းေပါင္းမ်ားစြာ
အကူညီေပးခ့ဲပါတယ္ ။ဒါ့ေၾကာင့္လည္းကိုးရီးယားနိုင္ငံရ့ဲလြတ္လပ္ေရးေန႔ေတြမွာ
အလံေတြစိုက္ ထူရင္ ျမန္မာနိုင္ငံအလံလည္းေက်းဇူးရွင္နိုင္ငံအျဖစ္အခုခ်ိန္ထိသတ္မွတ္ျပီး
စိုက္ထူထားေလ့ရွိပါတယ္။

ဒီလို တိုင္းျပည္တစ္ခုလံုးအငတ္္ဘ၀ကိုက်ေရာက္ခ့ဲဖူးေတာ့ ထမင္းတစ္လံုးတစ္မင္းတစ္လုပ္ရ့ဲတန္ဖိုးကို ကိုးရီးယားနိုင္ငံသားေတြကပိုျပီးတန္ဖိုးသိတတ္ၾကတာပါ။
အခုေတာ့ စိုက္ပ်ိဳးေျမေတြတိုးခ်ဲ႕.အထြက္တိုးေစတ့ဲ နည္းပညာေကာင္းေတြန႔ဲ နိုင္ငံျခားထိ
ဆန္ေတြတင္ပို႔နိုင္ခ့ဲပါျပီ။

ဒါေပမယ့္သူတို႔ေတြဟာ ထမင္းတစ္လုပ္ဆန္တစ္ေစ့ရ့ဲ တန္ဖိုးကို မေမ့ပစ္ၾကပါဘူး။အလဟသတ္မျဖစ္ေအာင္ မလႊင့္ပစ္ရေအာင္ စီမံျပဳလုပ္ၾကပါတယ္။
ဒါေတြဟာအတုယူစရာပါ။ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာ ဆန္စပါးေပါၾကြယ္၀စိုက္ပ်ိဳးေျမေတြေပါမ်ား ဆန္စပါးခ်မ္းသာၾကလို႔သိပ္ျပီးတန္ဖိုးမထားခ်င္ၾကဘူး။
ထမင္းဆိုလည္း လိုတာထက္ပိုျပီးထမင္း ပန္းကန္အၾကီးၾကီးထဲထည့္စားမကုန္ရင္
အလြယ္တစ္ကူလႊင့္ပစ္ၾကတတ္တာ ကေလးကအစလူၾကီးေတြအဆံုးပါပဲ..။

ကိုးရီးယားတစ္ေယာက္ကေျပာဖူးတာကေတာ့ ဒီထမင္းပန္ကန္လံုးေသးေသးေလးေတြကိုျမင္တိုင္း ငါတို႔စိတ္ထဲမွာ မခံခ်င္စိတ္ေတြၾကိဳးစားခ်င္စိတ္ေတြျဖစ္ေပၚလာတယ္တ့ဲ ။
ဗဟုသုတအေနန႔ဲ ၾကားဖူးနား၀ရွိသေလာက္တင္ျပတာပါ။ေကာင္းတ့ဲအယူအဆဆို
အတုယူနိုင္ၾကပါေစ…။
Credit – (သိမွတ္ဖြယ္ရာ_ဗဟုသုတရြာ)

Unicode

ဆိုင်တွေမှာရောင်းရင်လည်း ထမင်းတစ်ပွဲစာဟာ တစ်လုပ်စာသာသာမျှသာရှိတဲ့ပန်းကန်လုံးလေးတစ်လုံးစာပဲရှိပါတယ်။ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာထမင်းကိုအရမ်းတန်ဖိုးထားလို့ပါ။

ဒီပန်းကန်လုံးလေးထဲကထမင်းဟာ လူတစ်ယောက် အတွက်အကုန်မစားနိုင်စရာအကြောင်းမရှိပါဘူးအရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်းဆယ်လုံးစားရင်လည်း
သူတို့မငြိုငြင်ပါဘူးသူတို့စိုးရိမ်တာက ထမင်းကိုမကုန်ဘဲ လွှင့်ပစ်မှာကိုစိုးလို့ပါ တဲ့။

တောင်ကိုးရီးယားနိုင်ငံသားတွေဟာထမင်း လွှင့်ပစ်တတ်တဲ့လူတွေကိုမျက်စောင်းထိုးပါတယ်။မျက်စောင်းထိုးတယ်ဆိုတာကိုးရီးယားနိုင်ငံသားတွေ
တော်ရုံတန်ရုံုံအပြစ်မျိုးကိုကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး မျက်စောင်းထိုးခံရတဲ့လူဟာ အင်မတန်ဒေါသထွက်အမြင်ကတ်စရာကောင်းတဲ့လူပါ ။

ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်ကမျက်စောင်းထိုးပြီးကြည့်မှာကို အလွန်အင်မတန်စိုးရိမ်ကြပါတယ်။
ကိုးရီးယားနိုင်ငံသားတွေ ထမင်းကိုတန်ဖိုးထားရတဲ့ အကြောင်းအရင်းကိုပြောပါမယ်။

ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ခုနှစ်က ဂျပန်လက်အောက်ကလွတ်လပ်ရေးရခဲ့တာပါ။
ဂျပန်လက်အောက်မှာဖိနှိပ်ခံဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲနေခဲ့ကြရပါတယ်။
ထမင်းအစားပြောင်းဆန်များကိုပြုတ်ပြီးစားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာအရမ်းမုန်းပါတယ်။

ကိုးရီးယားနိုင်ငံဟာ ၁၅ရက် ၈လ ၁၉၄၅ခုနှစ်က ဂျပန်လက်အောက်ကလွတ်မြောက်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံထက် ၂နှစ်ကျော်စောပြီးလွတ်လပ်ရေးရခဲ့တာဖြစ်ပေမယ့်တိုင်းပြည်ဟာ လုံးဝမငြိမ်းချမ်းခဲ့ပါဘူး။တောင်နဲ့မြောက်သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး
လွတ်လပ်ရေးရပြီး၅နှစ်အကြာ ၁၉၅၀ခုနှစ်မှာတော့တောင်နဲ့မြောက်စစ်ပွဲစတင်ပါတော့တယ် ။၁၉၅၀ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃နှစ်ဆက်တိုက်စစ်တွေ အပြန်အလှန်တိုက်လိုက်ကြတာနဂိုကတည်းကမှေ ဆာင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့နိုင်ငံစစ်ကြောင့်
ဘာဆန်စပါးမှမစိုက်ပျိုးရဲစိုက်ပျိုးမြေလည်းနည်းပါးတဲ့နိုင်ငံမှာ လူတွေအကုန်လုံးမြက်ခြောက်စားရတော့မယ့်ဘဝကိုရောက်လာပါတော့တယ်။

ဒါတွေကိုမကြည့်ရက်တော့လို့နိုင်ငံတစ်ကာက ဆန်စပါးတွေ ထောက်ပံ့တာ ကျွန်တော်တို့မြန်မာနိုင်ငံကလည်း စပါးတင်းသိန်းပေါင်းများစွာ
အကူညီပေးခဲ့ပါတယ် ။ဒါ့ကြောင့်လည်းကိုးရီးယားနိုင်ငံရဲ့လွတ်လပ်ရေးနေ့တွေမှာ
အလံတွေစိုက် ထူရင် မြန်မာနိုင်ငံအလံလည်းကျေးဇူးရှင်နိုင်ငံအဖြစ်အခုချိန်ထိသတ်မှတ်ပြီး
စိုက်ထူထားလေ့ရှိပါတယ်။

ဒီလို တိုင်းပြည်တစ်ခုလုံးအငတ်ဘဝကိုကျရောက်ခဲ့ဖူးတော့ ထမင်းတစ်လုံးတစ်မင်းတစ်လုပ်ရဲ့တန်ဖိုးကို ကိုးရီးယားနိုင်ငံသားတွေကပိုပြီးတန်ဖိုးသိတတ်ကြတာပါ။
အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့.အထွက်တိုးစေတဲ့ နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားထိ
ဆန်တွေတင်ပို့နိုင်ခဲ့ပါပြီ။

ဒါပေမယ့်သူတို့တွေဟာ ထမင်းတစ်လုပ်ဆန်တစ်စေ့ရဲ့ တန်ဖိုးကို မမေ့ပစ်ကြပါဘူး။အလဟသတ်မဖြစ်အောင် မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။
ဒါတွေဟာအတုယူစရာပါ။ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဆန်စပါးပေါကြွယ်ဝစိုက်ပျိုးမြေတွေပေါများ ဆန်စပါးချမ်းသာကြလို့သိပ်ပြီးတန်ဖိုးမထားချင်ကြဘူး။
ထမင်းဆိုလည်း လိုတာထက်ပိုပြီးထမင်း ပန်းကန်အကြီးကြီးထဲထည့်စားမကုန်ရင်
အလွယ်တစ်ကူလွှင့်ပစ်ကြတတ်တာ ကလေးကအစလူကြီးတွေအဆုံးပါပဲ..။

ကိုးရီးယားတစ်ယောက်ကပြောဖူးတာကတော့ ဒီထမင်းပန်ကန်လုံးသေးသေးလေးတွေကိုမြင်တိုင်း ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေကြိုးစားချင်စိတ်တွေဖြစ်ပေါ်လာတယ်တဲ့ ။
ဗဟုသုတအနေနဲ့ ကြားဖူးနားဝရှိသလောက်တင်ပြတာပါ။ကောင်းတဲ့အယူအဆဆို
အတုယူနိုင်ကြပါစေ…။
Credit – (သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)