တရုတ္ကို အေၾကြးျပန္မဆပ္ႏိုင္ေတာ့လို႔ ဆိပ္ကမ္းႀကီးတစ္ခုလံုး ေပးခဲ့ရတဲ့ သီရိလကၤာႏုိင္ငံ

Hambantota ဆိပ်ကမ်းဟာ သီရိလင်္ကာကုန်သွယ်ရေးရဲ့ အသက်သွေးကြောတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီဆိပ်ကမ်းကြီးကို သီရိလင်္ကာက တရုတ်ပြည်ဆီကနေယူူထားတဲ့ အကြွေးတွေကို ပြန်မဆပ်နိုင်တော့တာကြောင့် အကြွေးအစား ဆိပ်ကမ်းကို ပေးခဲ့ရပါတယ်။

(၂၀၁၇)တည်းကစပြီး တရုတ်နဲ့ သီရိလင်္ကာတို့ကြားက အကြွေးကိစ္စကြောင့် Hambantota ဆိပ်ကမ်းရဲ့ ထိန်းချုပ်လုပ်ကိုင်ခွင့် အာဏာတွေအားလုံးကို သီရိလင်္ကာနိုင်ငံဟာ တရုတ်နိုင်ငံကို (၉၉) နှစ်ကြာအောင် လက်လွှဲခဲ့ရပါတယ်။

ဖြစ်စဉ်ကတော့ (၂၀၁၀) တုန်းက ဒီ Hambantota ဆိပ်ကမ်းကို အဆင့်မြှင့်တင်တည်ဆောက်ခဲ့တုန်းက (၁.၃) ဘီလီယံဒေါ်လာရှိတဲ့ ကုန်ကျစရိတ်အားလုံးကို တရုတ်နိုင်ငံမှချေးခဲ့တာပဲဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ project ကြန့်ကြာပြီး ဆုံးရှုံးမှုတွေများကာ လိုရာခရီး မရောက်ခဲ့တာကြောင့် တရုတ်နိုင်ငံကို အကြွေးပြန်ဆပ်ဖို့အတွက် ဒုက္ခတွေ့ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြီးသွားတဲ့အခါ Hamnantota ဆိပ်ကမ်းကို (၉၉) နှစ်ကြာအောင် တရုတ်နိုင်ငံလက်ထဲသို့ ဝါးကွပ်အပ်လိုက်ခဲ့ပါတယ်။

ဒီသဘောတူညီမှုကို ထိုးအပ်တယ်ဆိုပြီး သီရိလင်္ကာက နိုင်ငံရေးသမားများက လက်သင့်မခံခဲ့ကြပေမယ့် အခုဆိုရင် ၇၀% သော လုပ်ပိုင်ခွင့်အာဏာတွေဟာ တရုတ်နိုင်ငံရဲ့လက်ထဲကို ရောက်လို့နေပါပြီ။

“အခုလို သဘောတူညီမှု လုပ်တယ်ဆိုတာဟာလည်း တင်နေတဲ့အကြွေးတွေကို ပြန်ဆပ်ဖို့ပဲဖြစ်ပါတယ်။ ပူးပေါင်းလုပ်ဆောင်မှုနဲ့အတူ Hambantota ဆိပ်ကမ်းကို အိန္ဒိယသမုဒ္ဒရာရဲ့ အဓိကကျတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်။ အခုလိုအပြောင်းအလဲဟာ စီပွားရေးတိုးတက်စေတဲ့အပြင် နိုင်ငံရဲ့ tourism အနေအထားကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။” လို့ သီရိလင်္ကာရဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe က ပြောသွားခဲ့ပါတယ်။

Hambantota ဆိပ်ကမ်းဟာ ကမ္ဘာ့အချက်အချာအကျဆုံး ရေကြောင်းလိုင်းထဲမှာ တည်ရှိနေပါတယ်။ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ပြီး အရှေ့မှအနောက်သို့ ဆက်သွယ်သွားလာနတဲ့ လမ်းကြောင်းတွေနဲ့အတူ သီရိင်္လာရဲ့မြို့တော်ဖြစ်တဲ့ Colombo ဆိပ်ကမ်းနဲ့လည်း ချိတ်ဆက်ထားပါသေးတယ်။

အခုဆိုရင်တော့ Hambantota ရဲ့ လုပ်ပိုင်ခွင့်ကို တရုတ်နိုင်ငံမှ China Merchants Port Holdings ကုမ္ပဏီကိုပေးအပ်ထားပါတယ်။ သဘောတူညီချက်ပြုလုပ်ရာမှာလည်း လာရောက်လုပ်ကိုင်မယ့် တရုတ်နိုင်ငံအတွက် (၉၉) နှစ်ထဲက (၃၂) နှစ်ဟာ အခွန်ကင်းလွတ်ခွင့် ပေးရမှာဖြစ်ကြောင်း ပါရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ပြည်သူတွေက သီရိလင်္ကာရဲ့အချုပ်အချာအာဏာတွေ လျော့ပါးပြီး ဆုံးရှုံးသွားမှာ စိုးရိမ်နေကြတာ မဆန်းပါဘူး။

ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ နယ်မြေချယ်လှယ်တဲ့ အကြံအစီတစ်ခုဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ရေကြောင်းအင်အားကိုလည်း စိန်ခေါ်လျက်ရှိပါတယ်။ Hambantota, Duqm နဲ့ Gwadar ဆိပ်ကမ်းတွေကို ရေတပ်အခြေစိုက်စခန်းအဖြစ် ပြောင်းလဲပစ်လိုက်မှာကိုလည်း နိုင်ငံတကာမှ စိုးရိမ်နေပါတယ်။ တစ်ခါကလည်း တရုတ်နိုင်ငံရဲ့ ရေငုတ်သင်္ဘော Hambantota မှာ ကမ်းကပ်ဖို့ကိစ္စကိုလည်း သီရိလင်္ကာအာဏာပိုင်တွေမှ ငြင်းဆိုပယ်ချခဲ့ရပါသေးတယ်။

တရုတ်နိုင်ငံရဲ့ပြိုင်ဘက်ဖြစ်တဲ့ အိန္ဒိမှာလည်း ဒီကိစ္စနဲ့စပ်လျဉ်းပြီး သူ့အစီအစဉ်နဲ့သူရှိနေပါတယ်။ ဒါကတော့ Hambantota ရဲ့အနီးအနားပတ်ဝန်းကျင်မှာတည်ရှိနေပြီး အသုံးမပြုတော့တဲ့ လေယာဉ်ကွင်းတစ်ခုကို မီလီယံဒေါ်လာ (၃၀၀) ပေးပြီးဝယ်ဖို့ အပူတပြင်း အားထုတ်နေပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အကယ်၍ တရုတ်နိုင်ငံကသာ သူတို့ရဲ့ ရေတပ်ကို Hambantota မှာ အခြေစိုက်ထားခဲ့မယ်ဆိုလျှင် စာနပ်ရိက္ခာတွေကို သယ်ယူပို့ဆောင်တဲ့ နေရာမှာ ရေကြောင်းလမ်းထက် ပိုမိုမြန်ဆန်တဲ့ လေကြောင်းလိုင်းကို အသုံးပြုမှာမို့ အိန္ဒိယအရင်ဦးအောင် ဝယ်တာဖြစ်နိုင်တယ်လို့ အာရှတောင်ပိုင်းဗျူဟာကျွမ်းကျင်သူ David Brewster က ပြောခဲ့ပါတယ်။

Source : The National/AE
Credit to Shwemom

Hambantota ဆိပ္ကမ္းဟာ သီရိလကၤာကုန္သြယ္ေရးရဲ႕ အသက္ေသြးေၾကာတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ ဒီဆိပ္ကမ္းႀကီးကို သီရိလကၤာက တရုတ္ျပည္ဆီကေနယူူထားတဲ့ အေၾကြးေတြကို ျပန္မဆပ္ႏိုင္ေတာ့တာေၾကာင့္ အေၾကြးအစား ဆိပ္ကမ္းကို ေပးခဲ့ရပါတယ္။

(၂၀၁၇)တည္းကစၿပီး တရုတ္နဲ႔ သီရိလကၤာတို႔ၾကားက အေၾကြးကိစၥေၾကာင့္ Hambantota ဆိပ္ကမ္းရဲ႕ ထိန္းခ်ဳပ္လုပ္ကိုင္ခြင့္ အာဏာေတြအားလံုးကို သီရိလကၤာႏုိင္ငံဟာ တရုတ္ႏို္င္ငံကို (၉၉) ႏွစ္ၾကာေအာင္ လက္လႊဲခဲ့ရပါတယ္။

ျဖစ္စဥ္ကေတာ့ (၂၀၁၀) တုန္းက ဒီ Hambantota ဆိပ္ကမ္းကို အဆင့္ျမွင့္တင္တည္ေဆာက္ခဲ့တုနး္က (၁.၃) ဘီလီယံေဒၚလာရွိတဲ့ ကုန္က်စရိတ္အားလံုးကို တရုတ္ႏိုင္ငံမွေခ်းခဲ့တာပဲျဖစ္ပါတယ္။ တည္ေဆာက္ေနတဲ့ project ၾကန္႔ၾကာၿပီး ဆံုးရံႈးမႈေတြမ်ားကာ လိုရာခရီး မေရာက္ခဲ့တာေၾကာင့္ တရုတ္ႏုိင္ငံကို အေၾကြးျပန္ဆပ္ဖို႔အတြက္ ဒုကၡေတြ႕ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ၿပီးသြားတဲ့အခါ Hamnantota ဆိပ္ကမ္းကို (၉၉) ႏွစ္ၾကာေအာင္ တရုတ္ႏုိင္ငံလက္ထဲသို႔ ဝါးကြပ္အပ္လိုက္ခဲ့ပါတယ္။

ဒီသေဘာတူညီမႈကို ထိုးအပ္တယ္ဆိုၿပီး သီရိလကၤာက ႏိုင္ငံေရးသမားမ်ားက လက္သင့္မခံခဲ့ၾကေပမယ့္ အခုဆိုရင္ ၇၀% ေသာ လုပ္ပိုင္ခြင့္အာဏာေတြဟာ တရုတ္ႏုိင္ငံရဲ႕လက္ထဲကို ေရာက္လို႔ေနပါၿပီ။

“အခုလို သေဘာတူညီမႈ လုပ္တယ္ဆိုတာဟာလည္း တင္ေနတဲ့အေၾကြးေတြကို ျပန္ဆပ္ဖို႔ပဲျဖစ္ပါတယ္။ ပူးေပါင္းလုပ္ေဆာင္မႈနဲ႔အတူ Hambantota ဆိပ္ကမ္းကို အိႏိၵယသမုဒၵရာရဲ႕ အဓိကက်တဲ့ ဆိပ္ကမ္းတစ္ခုျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။ အခုလိုအေျပာင္းအလဲဟာ စီပြားေရးတိုးတက္ေစတဲ့အျပင္ ႏိုင္ငံရဲ႕ tourism အေနအထားကိုလည္း ျမွင့္တင္ေပးရာေရာက္ပါတယ္။” လို႔ သီရိလကၤာရဲ႕ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe က ေျပာသြားခဲ့ပါတယ္။

Hambantota ဆိပ္ကမ္းဟာ ကမၻာ႔အခ်က္အခ်ာအက်ဆံုး ေရေၾကာင္းလိုင္းထဲမွာ တည္ရွိေနပါတယ္။ အိႏိၵယသမုဒၵရာကို ျဖတ္ၿပီး အေရွ႕မွအေနာက္သို႔ ဆက္သြယ္သြားလာနတဲ့ လမ္းေၾကာင္းေတြနဲ႔အတူ သီရိလၤာရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ Colombo ဆိပ္ကမ္းနဲ႔လည္း ခ်ိတ္ဆက္ထားပါေသးတယ္။

အခုဆိုရင္ေတာ့ Hambantota ရဲ႕ လုပ္ပိုင္ခြင့္ကို တရုတ္ႏိုင္ငံမွ China Merchants Port Holdings ကုမၸဏီကိုေပးအပ္ထားပါတယ္။ သေဘာတူညီခ်က္ျပဳလုပ္ရာမွာလည္း လာေရာက္လုပ္ကိုင္မယ့္ တရုတ္ႏုိင္ငံအတြက္ (၉၉) ႏွစ္ထဲက (၃၂) ႏွစ္ဟာ အခြန္ကင္းလြတ္ခြင့္ ေပးရမွာျဖစ္ေၾကာင္း ပါရွိပါတယ္။ ဒါေၾကာင့္မို႔လို႔လည္း ျပည္သူေတြက သီရိလကၤာရဲ႕အခ်ဳပ္အခ်ာအာဏာေတြ ေလ်ာ႔ပါးၿပီး ဆံုးရံႈးသြားမွာ စိုးရိမ္ေနၾကတာ မဆန္းပါဘူး။

ဒီျဖစ္ရပ္ဟာ တရုတ္ႏိုင္ငံရဲ႕ နယ္ေျမခ်ယ္လွယ္တဲ့ အၾကံအစီတစ္ခုျဖစ္ၿပီး ဒါဟာ အေမရိကန္ရဲ႕ေရေၾကာင္းအင္အားကိုလည္း စိန္ေခၚလ်က္ရွိပါတယ္။ Hambantota, Duqm နဲ႔ Gwadar ဆိပ္ကမ္းေတြကို ေရတပ္အေျခစိုက္စခန္းအျဖစ္ ေျပာင္းလဲပစ္လိုက္မွာကိုလည္း ႏုိင္ငံတကာမွ စိုးရိမ္ေနပါတယ္။ တစ္ခါကလည္း တရုတ္ႏိုင္ငံရဲ႕ ေရငုတ္သေဘၤာ Hambantota မွာ ကမ္းကပ္ဖို႔ကိစၥကိုလည္း သီရိလကၤာအာဏာပိုင္ေတြမွ ျငင္းဆိုပယ္ခ်ခဲ့ရပါေသးတယ္။

တရုတ္ႏုိင္ငံရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ အိႏိၵမွာလည္း ဒီကိစၥနဲ႔စပ္လ်ဥ္းၿပီး သူ႕အစီအစဥ္နဲ႔သူရွိေနပါတယ္။ ဒါကေတာ့ Hambantota ရဲ႕အနီးအနားပတ္ဝန္းက်င္မွာတည္ရွိေနၿပီး အသံုးမျပဳေတာ့တဲ့ ေလယာဥ္ကြင္းတစ္ခုကို မီလီယံေဒၚလာ (၃၀၀) ေပးၿပီးဝယ္ဖို႔ အပူတျပင္း အားထုတ္ေနပါတယ္။ ဒါဟာဘာေၾကာင့္လဲဆိုေတာ့ အကယ္၍ တရုတ္ႏုိင္ငံကသာ သူတို႔ရဲ႕ ေရတပ္ကို Hambantota မွာ အေျခစိုက္ထားခဲ့မယ္ဆိုလွ်င္ စာနပ္ရိကၡာေတြကို သယ္ယူပို႔ေဆာင္တဲ့ ေနရာမွာ ေရေၾကာင္းလမ္းထက္ ပိုမိုျမန္ဆန္တဲ့ ေလေၾကာင္းလိုင္းကို အသံုးျပဳမွာမို႔ အိႏိၵယအရင္ဦးေအာင္ ဝယ္တာျဖစ္ႏုိင္တယ္လို႔ အာရွေတာင္ပိုင္းဗ်ဴဟာကၽြမ္းက်င္သူ David Brewster က ေျပာခဲ့ပါတယ္။

Source : The National/AE
Credit to Shwemom