အပ်ိဳၾကီးျဖစ္ေတာ့မယ့္ မိန္းကေလးေတြရဲ႕ လကၡဏာမ်ား

အသက် ၃၀ ကျော်မှ လက်မထပ်ဘူးဆိုရင် အပျိုကြီးစာရင်းထဲဝင်နေပါပြီ။ အဲ့မတိုင်ခင်မှာ အပျိုကြီးဖြစ်တော့မယ့် အခြေအနေ လက္ခဏာတွေဖြစ်နေမှာပါ။ အပျိုကြီးဖြစ်တော့မယ့် မိန်းကလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကို မျှဝေပေးလိုက်ပါတယ်နော်။

(၁) ဇီဇာကြောင်တတ်တယ်

တစ်ခုခုဆို ဇီဇာကြောင်တတ်တယ်။ အစားအသောက်ဆိုလည်း ဇီဇာကြောင်တတ်တယ်။ အဝတ်အစားရွေးရင်လည်း ဇီဇာကြောင်တတ်တယ်။ သူတို့ကို တစ်ခုခုပြောလိုက်ရင်လည်း ကန့်လန့်တိုက်နေတတ်တယ်။ အပြောအဆိုကအစ ဇီဇာကြောင်တတ်တယ်။ ကိစ္စသေးသေးလေးကအစ လိုက်ပြောပြီး ဇီဇာကြောင်တတ်ကြတယ်။

(၂) အတွဲတွေကို မြင်ရင် မုန်းလာတယ်

သူတို့ရှေ့မှာ အတွဲတွေဖြတ်သွားတာမြင်ရင် မကြိုက်ဘူး။ အပိုတွေလုပ်နေကြတာပါလို့ပြောတတ်တယ်။ ပြီးတော့ အတွဲတွေလုပ်သမျှအရာတွေကို မကြိုက်ကြဘူး။ လက်ကိုင်တာတို့၊ ပခုံးဖက်တာတို့ကို မကြိုက်ဘူး။ သူတို့ကိုယ့်တိုင် ရည်းစားရှိနေရင်တောင် အဲ့လိုအရာတွေကို လုပ်ရမှာ မကြိုက်ကြဘူး။ အဲ့ဒါကြောင့်လည်း ရည်းစားမထားဖြစ်ကြတော့တာပါ။ ဒါက အပျိုကြီးဖြစ်မယ့် လက္ခဏာတွေပါ။

(၃) မာနကြီးတတ်တယ်

အပျိုကြီးတော်တော်များများ မာနကြီးတတ်ကြတယ်။ ဥပမာ- ယောကျာ်းလေးဘယ်နှယ့်ယောက်ကိုတောင် ခါချ ခဲ့တာ ဆိုတာမျိုးနဲ့ အပျိုကြီးဂုဏ်ကို ယူနေတာပါ။ သူတို့တွေက အရမ်းမာနကြီးတတ်ပြီး တော်ရုံလူတွေကို ခေါင်းထဲမစဉ်းစားတတ်ဘူး။ ဘယ်လိုလူမျိူးမှ ၊ ဘယ်လောက် ပိုက်ဆံရှိမှ ၊ ကိုယ့်အပေါ်ဘယ်လောက်ထိကောင်းနိုင်မှ ဆိုတာတွေနဲ့ပဲ အပျိုကြီးဖြစ်သွားကြတာပါ။ ကိုယ့်ပိုက်ဆံကိုယ် ရှာနိုင်တယ် ဆိုတဲ့မာနကလည်း အပျိုကြီးဖြစ်မယ့် လက္ခဏာပါပဲ။

(၄) ရုပ်ရှင်တွေကိုပဲကြည့်နေတယ်

သူတို့တွေက အလုပ်ပြီးရင် အိမ်ကိုတန်းပြန် ၊ ပြီးရင် ကြည့်နေကျ ဇာတ်လမ်းတွဲလေးကို ထိုင်ကြည့်တယ်။ မင်းသားလေးတွေနဲ့ စိတ်ကူးယဉ်တတ်ကြတယ်။ စိတ်ကူးအရမ်းယဉ်တတ်ရင်လည်း အပျိုကြီးဖြစ်မှာပါ။ လက်တွေ့ဘဝမှာ ဖြစ်နေတာကို လက်မခံဘဲ၊ စိတ်ကူးယဉ်နေရင်တော့ အပျိုကြီးဖြစ်မယ့် လက္ခဏာပါ။

(၅) အပြင်မထွက်တော့ဘဲ အိမ်ထဲပဲအောင်းတော့တယ်

အပျိုကြီးဖြစ်မယ့်အထဲမှာ ဒီအချက်လည်းပါပါတယ်။ အပြင်ထွက်ရမှာ ပျင်းလာတယ်။ အိမ်ထဲမှာပဲ ရုပ်ရှင်ကြည့်၊ မုန့်စား ရင်းနဲ့ အချိန်ကုန်ပစ်တတ်ကြတယ်။ အဲ့လိုနေပါများရင် အပြင်ထွက်ချင်စိတ်ကုန်သွားတတ်ပါတယ်။ အဲ့တော့ လူမှုရေးနဲ့ ဝေးသွားပြီး အပျိုကြီး ဖြစ်သွားတတ်ပါတယ်။

(၆) တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတယ်

မာနတွေနဲ့ တစ်ယောက်တည်းနေရတာများလာတော့ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတယ်။ သူတို့ကို တစ်ယောက်ယောက်နဲ့ဆက်ပေးရင်တောင် အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မာနကြီးပြီး တစ်ယောက်တည်းနေရတာကို ကြိုက်တယ်ဆိုတော့ ဘယ်သူနဲ့မှလည်း အဆင်ပြေတော့မှာမဟုတ်လို့ပါ။ ရှေ့က တွဲခဲ့တဲ့ ရည်းစားကြောင့် တစ်ယောက်တည်းနေရတာ ပိုကောင်းတယ်လို့ ထင်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။

Credit to Shwemom

အသက္ ၃၀ ေက်ာ္မွ လက္မထပ္ဘူးဆုိရင္ အပ်ိဳၾကီးစာရင္းထဲ၀င္ေနပါျပီ။ အဲ့မတုိင္ခင္မွာ အပ်ိဳၾကီးျဖစ္ေတာ့မယ့္ အေျခအေန လကၡဏာေတြျဖစ္ေနမွာပါ။ အပ်ိဳၾကီးျဖစ္ေတာ့မယ့္ မိန္းကေလးေတြမွာ ေတြ႔ရတတ္တဲ့ လကၡဏာေတြကို မ်ွေ၀ေပးလုိက္ပါတယ္ေနာ္။

(၁) ဇီဇာေၾကာင္တတ္တယ္

တစ္ခုခုဆုိ ဇီဇာေၾကာင္တတ္တယ္။ အစားအေသာက္ဆုိလည္း ဇီဇာေၾကာင္တတ္တယ္။ အ၀တ္အစားေရြးရင္လည္း ဇီဇာေၾကာင္တတ္တယ္။ သူတုိ႕ကို တစ္ခုခုေျပာလုိက္ရင္လည္း ကန္႔လန္႕တုိက္ေနတတ္တယ္။ အေျပာအဆုိကအစ ဇီဇာေၾကာင္တတ္တယ္။ ကိစၥေသးေသးေလးကအစ လုိက္ေျပာျပီး ဇီဇာေၾကာင္တတ္ၾကတယ္။

(၂) အတဲြေတြကို ျမင္ရင္ မုန္းလာတယ္

သူတုိ႕ေရွ႕မွာ အတဲြေတြျဖတ္သြားတာျမင္ရင္ မၾကိဳက္ဘူး။ အပုိေတြလုပ္ေနၾကတာပါလုိ႕ေျပာတတ္တယ္။ ျပီးေတာ့ အတဲြေတြလုပ္သမ်ွအရာေတြကို မၾကိဳက္ၾကဘူး။ လက္ကုိင္တာတုိ႕၊ ပခုံးဖက္တာတုိ႕ကို မၾကိဳက္ဘူး။ သူတုိ႕ကိုယ့္တုိင္ ရည္းစားရွိေနရင္ေတာင္ အဲ့လိုအရာေတြကို လုပ္ရမွာ မၾကိဳက္ၾကဘူး။ အဲ့ဒါေၾကာင့္လည္း ရည္းစားမထားျဖစ္ၾကေတာ့တာပါ။ ဒါက အပ်ိဳၾကီးျဖစ္မယ့္ လကၡဏာေတြပါ။

(၃) မာနၾကီးတတ္တယ္

အပ်ိဳၾကီးေတာ္ေတာ္မ်ားမ်ား မာနၾကီးတတ္ၾကတယ္။ ဥပမာ- ေယာက်ာ္းေလးဘယ္ႏွယ့္ေယာက္ကုိေတာင္ ခါခ် ခဲ့တာ ဆုိတာမ်ိဳးနဲ႕ အပ်ိဳၾကီးဂုဏ္ကို ယူေနတာပါ။ သူတုိ႕ေတြက အရမ္းမာနၾကီးတတ္ျပီး ေတာ္ရုံလူေတြကို ေခါင္းထဲမစဥ္းစားတတ္ဘူး။ ဘယ္လုိလူမ်ိဴးမွ ၊ ဘယ္ေလာက္ ပိုက္ဆံရွိမွ ၊ ကုိယ့္အေပၚဘယ္ေလာက္ထိေကာင္းႏိုင္မွ ဆုိတာေတြနဲ႕ပဲ အပ်ိဳၾကီးျဖစ္သြားၾကတာပါ။ ကုိယ့္ပိုက္ဆံကုိယ္ ရွာႏုိင္တယ္ ဆုိတဲ့မာနကလည္း အပ်ိဳၾကီးျဖစ္မယ့္ လကၡဏာပါပဲ။

(၄) ရုပ္ရွင္ေတြကိုပဲၾကည့္ေနတယ္

သူတုိ႕ေတြက အလုပ္ျပီးရင္ အိမ္ကိုတန္းျပန္ ၊ ျပီးရင္ ၾကည့္ေနက် ဇာတ္လမး္တဲြေလးကို ထုိင္ၾကည့္တယ္။ မင္းသားေလးေတြနဲ႕ စိတ္ကူးယဥ္တတ္ၾကတယ္။ စိတ္ကူးအရမ္းယဥ္တတ္ရင္လည္း အပ်ိဳၾကီးျဖစ္မွာပါ။ လက္ေတြ႕ဘ၀မွာ ျဖစ္ေနတာကို လက္မခံဘဲ၊ စိတ္ကူးယဥ္ေနရင္ေတာ့ အပ်ိဳၾကီးျဖစ္မယ့္ လကၡဏာပါ။

(၅) အျပင္မထြက္ေတာ့ဘဲ အိမ္ထဲပဲေအာင္းေတာ့တယ္

အပ်ိဳၾကီးျဖစ္မယ့္အထဲမွာ ဒီအခ်က္လည္းပါပါတယ္။ အျပင္ထြက္ရမွာ ပ်င္းလာတယ္။ အိမ္ထဲမွာပဲ ရုပ္ရွင္ၾကည့္၊ မုန္႕စား ရင္းနဲ႕ အခ်ိန္ကုန္ပစ္တတ္ၾကတယ္။ အဲ့လုိေနပါမ်ားရင္ အျပင္ထြက္ခ်င္စိတ္ကုန္သြားတတ္ပါတယ္။ အဲ့ေတာ့ လူမႈေရးနဲ႕ ေ၀းသြားျပီး အပ်ိဳၾကီး ျဖစ္သြားတတ္ပါတယ္။

(၆) တစ္ေယာက္တည္းေနရတာကို ပုိၾကိဳက္လာတယ္

မာနေတြနဲ႕ တစ္ေယာက္တည္းေနရတာမ်ားလာေတာ့ တစ္ေယာက္တည္းေနရတာကို ပုိၾကိဳက္လာတယ္။ သူတုိ႕ကို တစ္ေယာက္ေယာက္နဲ႕ဆက္ေပးရင္ေတာင္ အဆင္ေျပေတာ့မွာမဟုတ္ပါဘူး။ ဘာျဖစ္လုိ႕လဲဆုိေတာ့ မာနၾကီးျပီး တစ္ေယာက္တည္းေနရတာကို ၾကိဳက္တယ္ဆုိေတာ့ ဘယ္သူနဲ႕မွလည္း အဆင္ေျပေတာ့မွာမဟုတ္လုိ႔ပါ။ ေရွ႕က တဲြခဲ့တဲ့ ရည္းစားေၾကာင့္ တစ္ေယာက္တည္းေနရတာ ပိုေကာင္းတယ္လုိ႕ ထင္သြားတာမ်ိဳးလည္းျဖစ္ႏုိင္ပါတယ္။

Credit to Shwemom