ခ်စ္သူသစၥာရွိမရွိကုိ ခပ္လန္းလန္းေကာင္မေလးနဲ႔ စမ္းသပ္မိတဲ့အမ်ိဳးသမီးရဲ့ မလွတဲ့အဆံုးသတ္

လက္တေလာမွာ ေရပန္းစားေနတဲ့ ‘To Catch a Cheater’ အစီအစဥ္ဟာ YouTube မွာလည္း အလြန္ေအာင္ျမင္ေန
တဲ့ အစီအစဥ္ရွိပါတယ္။ အဲဒီအစီအစဥ္မွာ မိမိတုိ႔လက္တြဲေနတဲ့ လက္တြဲေဖာ္ေတြကို သစၥာရွိမရွိ စမ္းသပ္ဖုိ႔အတြက္ ‘To Catch a Cheater’ အစီအစဥ္လွ်ိဳ႕၀ွက္႐ုိက္ကူးေရးသမားေတြက ေတာင္းဆုိသူေတြကုိ သီးသန္႔စီစဥ္ေပးတာပါ။

အခုလည္း အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရဲ႕ ခ်စ္သူ သစၥာရွိမရွိကို စမ္းသပ္ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ သူမရဲ႕ခ်စ္သူဟာ ကြန္ပ်ဴတာပညာရွင္တစ္ေယာက္ျဖစ္ၿပီး၊ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကြန္ပ်ဴတာကို ျပင္ေပးဖုိ႔ဆက္သြယ္ျခင္း ခံခဲ့ရပါတယ္။ တကယ္ေတာ့ ဖုန္းဆက္ေခၚခဲ့တဲ့ အဲဒီအမ်ိဳးသမီးဟာ ‘To Catch a Cheater’ မွာ ဖ်ားေယာင္းသူအျဖစ္ သ႐ုပ္ေဆာင္ေပးေနတဲ့ ေမာ္ဒယ္ပါ။ အိမ္မွာ လွ်ိဳ႕၀ွက္ကင္မရာေတြကုိလည္း ႀကိဳတင္တပ္ဆင္ထားပါတယ္။

အမ်ိဳးသား ေယာက္ေယာက္လာခ်င္းမွာပဲ အိမ္ရွင္အမ်ိဳးသမီးက ေရခ်ိဳးခန္းကထြက္လာတဲ့ပုံစံနဲ႔ မ႐ုိးမရြျဖစ္ေအာင္ ႀကိဳဆုိမႈ
နဲ႔ စတင္ခဲ့ပါတယ္။ စကားစျမည္ေျပာေနရင္ အမ်ိဳးသမီးက သ႐ုပ္ေဆာင္ျပမယ္၊ ကျပမယ္လုိ႔ ျမႇဴစြယ္ခဲ့ပါတယ္။ အမ်ိဳးသား
က ” မင္းခ်စ္သူက ေတြ႔သြားရင္ အထင္လြဲမွာေပါ့ “လုိ႔ ေျပာေတာ့ အိမ္ရွင္က သူမရွိေၾကာင္း ေျပာခဲ့ပါတယ္။

မၾကာခင္မွာပဲ အိမ္ရွင္အမ်ိဳးသမီးဟာ ေပါင္တစ္ေခ်ာင္း အမ်ိဳးသားေရွ႕မွာတင္ၿပီး၊ ျမဴစြယ္မႈကို ဂိတ္ဆုံးအထိ တုိးလိုက္ပါတယ္။ အမ်ိဳးသားက ကၽြန္ေတာ့္ကို ထိေစခ်င္တာလားလုိ႔ ေမးေတာ့ သေဘာပဲေလလုိ႔ ဆုိပါတယ္။ ေနာက္ အခန္းထဲကုိ အမ်ိဳးသမီးက ဦးေဆာင္ေခၚဖုိ႔ ႀကိဳးစားရင္း ” လာပါ မိနစ္ 20 ေလာက္ပါ “ဆုိၿပီး စည္း႐ုံးပါတယ္။


အမ်ိဳးသားလည္း ေကာက္ေကာက္ပါေအာင္ လုိက္သြားပါတယ္။ အျပင္ကၾကည့္ေနတဲ့ခ်စ္သူက အဲ့ဒီအမ်ိဳးသမီးဟာ
ျပည့္တန္ဆာတစ္ေယာက္လို႔ ထင္သြားျပီး သူမနဲ႔အတူ ဒီအစီအစဥ္ကို စမ္းသပ္ေပးေနသူေတြကို ေပါက္ကြဲပါေတာ့
တယ္။ ဒါေပမယ့္ ဒီအစီအစဥ္ကို ၾကံစည္သူေတြက အစမ္းသပ္ခံေကာင္မေလးဟာ ျပည့္တန္ဆာမဟုတ္ေၾကာင္း
ျပန္ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ခ်စ္သူူေကာင္မေလးကေတာ့ ေပါက္ကြဲေနခဲ့ပါတယ္။ ” ရွင္တုိ႔ သူတုိ႔ကို ခ်စ္တင္ေႏွာခြင့္
ေပးလုိက္ေတာ့မွာေပါ့ .. ဒါက အျပာကားပဲ … အဲဒီမိန္းမက ရွင္တုိ႔ ႐ုိက္ေနတာကို မသိဘူးေလ … “စသျဖင့္ ေျပာ
ကာ ေပါက္ကြဲခဲ့ပါတယ္။ ၿပီးေတာ့ သူမတုိ႔ ခ်စ္သူႏွစ္ေယာက္ ဘာေတြဆက္ျဖစ္ၾကမလဲဆုိတာ ေတြးသာၾကည့္ေပ
ေတာ့။

ညီလင္းထက္ (Shwemom)

Unicode

လက်တလောမှာ ရေပန်းစားနေတဲ့ ‘To Catch a Cheater’ အစီအစဉ်ဟာ YouTube မှာလည်း အလွန်အောင်မြင်နေ
တဲ့ အစီအစဉ်ရှိပါတယ်။ အဲဒီအစီအစဉ်မှာ မိမိတို့လက်တွဲနေတဲ့ လက်တွဲဖော်တွေကို သစ္စာရှိမရှိ စမ်းသပ်ဖို့အတွက် ‘To Catch a Cheater’ အစီအစဉ်လျှို့ဝှက်ရိုက်ကူးရေးသမားတွေက တောင်းဆိုသူတွေကို သီးသန့်စီစဉ်ပေးတာပါ။

အခုလည်း အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူ သစ္စာရှိမရှိကို စမ်းသပ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမရဲ့ချစ်သူဟာ ကွန်ပျူတာပညာရှင်တစ်ယောက်ဖြစ်ပြီး၊ အမျိုးသမီးတစ်ယောက်ရဲ့ ကွန်ပျူတာကို ပြင်ပေးဖို့ဆက်သွယ်ခြင်း ခံခဲ့ရပါတယ်။ တကယ်တော့ ဖုန်းဆက်ခေါ်ခဲ့တဲ့ အဲဒီအမျိုးသမီးဟာ ‘To Catch a Cheater’ မှာ ဖျားယောင်းသူအဖြစ် သရုပ်ဆောင်ပေးနေတဲ့ မော်ဒယ်ပါ။ အိမ်မှာ လျှို့ဝှက်ကင်မရာတွေကိုလည်း ကြိုတင်တပ်ဆင်ထားပါတယ်။

အမျိုးသား ယောက်ယောက်လာချင်းမှာပဲ အိမ်ရှင်အမျိုးသမီးက ရေချိုးခန်းကထွက်လာတဲ့ပုံစံနဲ့ မရိုးမရွဖြစ်အောင် ကြိုဆိုမှု
နဲ့ စတင်ခဲ့ပါတယ်။ စကားစမြည်ပြောနေရင် အမျိုးသမီးက သရုပ်ဆောင်ပြမယ်၊ ကပြမယ်လို့ မြှူစွယ်ခဲ့ပါတယ်။ အမျိုးသား
က ” မင်းချစ်သူက တွေ့သွားရင် အထင်လွဲမှာပေါ့ “လို့ ပြောတော့ အိမ်ရှင်က သူမရှိကြောင်း ပြောခဲ့ပါတယ်။

မကြာခင်မှာပဲ အိမ်ရှင်အမျိုးသမီးဟာ ပေါင်တစ်ချောင်း အမျိုးသားရှေ့မှာတင်ပြီး၊ မြူစွယ်မှုကို ဂိတ်ဆုံးအထိ တိုးလိုက်ပါတယ်။ အမျိုးသားက ကျွန်တော့်ကို ထိစေချင်တာလားလို့ မေးတော့ သဘောပဲလေလို့ ဆိုပါတယ်။ နောက် အခန်းထဲကို အမျိုးသမီးက ဦးဆောင်ခေါ်ဖို့ ကြိုးစားရင်း ” လာပါ မိနစ် 20 လောက်ပါ “ဆိုပြီး စည်းရုံးပါတယ်။

အမျိုးသားလည်း ကောက်ကောက်ပါအောင် လိုက်သွားပါတယ်။ အပြင်ကကြည့်နေတဲ့ချစ်သူက အဲ့ဒီအမျိုးသမီးဟာ
ပြည့်တန်ဆာတစ်ယောက်လို့ ထင်သွားပြီး သူမနဲ့အတူ ဒီအစီအစဉ်ကို စမ်းသပ်ပေးနေသူတွေကို ပေါက်ကွဲပါတော့
တယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို ကြံစည်သူတွေက အစမ်းသပ်ခံကောင်မလေးဟာ ပြည့်တန်ဆာမဟုတ်ကြောင်း
ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် ချစ်သူူကောင်မလေးကတော့ ပေါက်ကွဲနေခဲ့ပါတယ်။ ” ရှင်တို့ သူတို့ကို ချစ်တင်နှောခွင့်
ပေးလိုက်တော့မှာပေါ့ .. ဒါက အပြာကားပဲ … အဲဒီမိန်းမက ရှင်တို့ ရိုက်နေတာကို မသိဘူးလေ … “စသဖြင့် ပြော
ကာ ပေါက်ကွဲခဲ့ပါတယ်။ ပြီးတော့ သူမတို့ ချစ်သူနှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ တွေးသာကြည့်ပေ
တော့။

ညီလင်းထက် (Shwemom)