တားေဆးေသာက္ျခငး္ဟာ တကယ္ပဲ ဝလာေစႏိုင္ပါသလား…….။

သေႏၶတားေဆး (ေသာက္ေဆး) နဲ႔ပတ္သက္ျပီး အားလံုးသိခ်င္ေနတဲ့ အခ်က္ကေတာ့ တားေဆးေတြဟာ လူကုိဝေစသလား ဆိုတာပါပဲ။ တားေဆးေတြမွာ မူးေမာ္ျခင္း၊ ေခါင္းကိုက္ျခငး္၊ လိင္ကိစၥ စိတ္မပါျခငး္ေတြ အျပင္ ဝိတ္တက္လာေစတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ရွိေနတာကေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ တစ္ခုသိထားရမွာက တားေဆးေသာက္တဲ့ အမ်ိဳးသမီးတိုင္း ဒီလိုမျဖစ္သလို၊ ဒီလိုျဖစ္တိုင္းလည္း တားေဆးေၾကာင့္လုိ႔ေတာ့ ေျပာလို႔မရျပန္ပါဘူး။


Shutterstock
ဒီလိုေဘးထြက္ဆိုးက်ိဳးေတြဟာ တိုးပြားလာတဲ့ေဟာ္မုန္းေတြကို ခႏၶာကိုယ္က မထိန္းညွိႏိုင္တဲ့ အခါမ်ိဳးမွာ ခံစားရတာျဖစ္ပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက တားေဆးေသာက္လည္း ကိုယ္အေလးခ်ိန္အေပၚကို ဘာသက္ေရာက္မႈမွ မရွိတာမ်ိဳးလည္း ရွိပါတယ္။


Shutterstock
Advertisement

တားေဆးေတြဟာ စေသာက္ခါစအခ်ိန္မွာေတာ့ အနည္းငယ္ေဖာလာသလိုလို၊ ဝလာသလိုလိုေတာ့ျဖစ္လာတတ္ပါတယ္။ အေၾကာင္းကေတာ့ ခႏၶာကုိယ္ထဲမွာ မေဟာ္မုန္းေတြအမ်ားၾကီးတက္လာလို႔ျဖစ္ပါတယ္။ မေဟာ္မုန္းေတြဟာ အစားစားခ်င္စိတ္ကို ျမင့္တက္ေစျပီး တစ္ခ်ိဳ႕ေတြဆီမွာေတာ့ ေရေသာက္ခ်င္စိတ္ကို ျမင့္တက္ေစပါတယ္။ တားေဆးေသာက္သံုးသူအခ်ိဳ႕ဟာ ဝလာၾကသလို၊ အခ်ိဳ႕ဟာလည္း ပိန္သြားၾကပါတယ္။ ဒါေၾကာင့္ တားေဆးဟာ ဝိတ္တက္၊ ဝိတ္က်ျခင္းကို တိုက္ရိုက္မဟုတ္ရင္ေတာင္ သြယ္ဝိုက္ျပီး သက္ေရာက္ေနတာကေတာ့ အေသအခ်ာပါပဲ။

ဒါေပမယ့္ တားေဆးသံုးေနစဥ္ဝိတ္တက္လာရျခငး္ဟာ တားေဆးေၾကာင့္မဟုတ္ပဲ အသက္အရြယ္ အကူးအေျပာင္းေၾကာင့္လည္း ျဖစ္ေနတတ္ပါတယ္။ တကယ္လုိ႔သင္ဝလာရတာဟာ တားေဆးေၾကာင့္လို႔ သံသယရွိေနတယ္ဆိုရင္ ဆရာဝန္ထံမွာျပသျပီး ေဆြးေႏြးကုသမႈကုိ ခံယူသင့္ပါတယ္။ တားေဆးတစ္ခုနဲ႔တစ္ခုမွာ မေဟာ္မုန္းပါဝင္မႈပမာဏ မတူတဲ့အတြက္ ဆရာဝန္က သင့္နဲ႔ကိုက္ညီတဲ့ေဆးကို ညႊန္ေပးပါလိမ့္မယ္။

Em Em

Unicode

သန္ဓေတားဆေး (သောက်ဆေး) နဲ့ပတ်သက်ပြီး အားလုံးသိချင်နေတဲ့ အချက်ကတော့ တားဆေးတွေဟာ လူကိုဝစေသလား ဆိုတာပါပဲ။ တားဆေးတွေမှာ မူးမော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လိင်ကိစ္စ စိတ်မပါခြင်းတွေ အပြင် ဝိတ်တက်လာစေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် တစ်ခုသိထားရမှာက တားဆေးသောက်တဲ့ အမျိုးသမီးတိုင်း ဒီလိုမဖြစ်သလို၊ ဒီလိုဖြစ်တိုင်းလည်း တားဆေးကြောင့်လို့တော့ ပြောလို့မရပြန်ပါဘူး။


Shutterstock
ဒီလိုဘေးထွက်ဆိုးကျိုးတွေဟာ တိုးပွားလာတဲ့ဟော်မုန်းတွေကို ခန္ဓာကိုယ်က မထိန်းညှိနိုင်တဲ့ အခါမျိုးမှာ ခံစားရတာဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေက တားဆေးသောက်လည်း ကိုယ်အလေးချိန်အပေါ်ကို ဘာသက်ရောက်မှုမှ မရှိတာမျိုးလည်း ရှိပါတယ်။

တားဆေးတွေဟာ စသောက်ခါစအချိန်မှာတော့ အနည်းငယ်ဖောလာသလိုလို၊ ဝလာသလိုလိုတော့ဖြစ်လာတတ်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ မဟော်မုန်းတွေအများကြီးတက်လာလို့ဖြစ်ပါတယ်။ မဟော်မုန်းတွေဟာ အစားစားချင်စိတ်ကို မြင့်တက်စေပြီး တစ်ချို့တွေဆီမှာတော့ ရေသောက်ချင်စိတ်ကို မြင့်တက်စေပါတယ်။ တားဆေးသောက်သုံးသူအချို့ဟာ ဝလာကြသလို၊ အချို့ဟာလည်း ပိန်သွားကြပါတယ်။ ဒါကြောင့် တားဆေးဟာ ဝိတ်တက်၊ ဝိတ်ကျခြင်းကို တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ပြီး သက်ရောက်နေတာကတော့ အသေအချာပါပဲ။


PInterest

ဒါပေမယ့် တားဆေးသုံးနေစဉ်ဝိတ်တက်လာရခြင်းဟာ တားဆေးကြောင့်မဟုတ်ပဲ အသက်အရွယ် အကူးအပြောင်းကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ တကယ်လို့သင်ဝလာရတာဟာ တားဆေးကြောင့်လို့ သံသယရှိနေတယ်ဆိုရင် ဆရာဝန်ထံမှာပြသပြီး ဆွေးနွေးကုသမှုကို ခံယူသင့်ပါတယ်။ တားဆေးတစ်ခုနဲ့တစ်ခုမှာ မဟော်မုန်းပါဝင်မှုပမာဏ မတူတဲ့အတွက် ဆရာဝန်က သင့်နဲ့ကိုက်ညီတဲ့ဆေးကို ညွှန်ပေးပါလိမ့်မယ်။

Em Em