လူေတြ မျဖစ္မေန အသံုးျပဳေနရတဲ့ ကမာၻတစ္လႊားက အႏၱရာယ္အရွိဆံုး လမ္းမ်ား

လမ္းပန္းဆက္သြယ္ေရးဆိုတာ ကမာၻႀကီး ေခတ္မွီဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ မရွိမျဖစ္ လုိအပ္တဲ့ အရာတစ္ခုပါ။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး အစရွိတဲ့ က႑အသီးသီးမွာ လမ္းပန္းဆက္ သြယ္ေရး ေကာင္းမြန္မွသာ အရာရာ အဆင္ေျပေခ်ာေမြ႔ႏိုင္မွာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဘယ္အရာမွမဆို အက်ိဳးရွိသလို အဆိုးလည္း ဒြန္တြဲၿပီး ပါေနမွာပါ။ မျဖစ္မေနမို႔လို႔ ခ်ိတ္ဆက္ေဖာက္လုပ္ထားတဲ့ တစ္ခ်ိဳ႕လမ္း ေတြဟာ အႏၱရာယ္မ်ားလြန္းၿပီး အခန္႔မသင့္ရဲ႕ အသက္ဆံုးရံႈးရတဲ့ အေနအထားမ်ိဳးနဲ႔ပါ ႀကံဳေတြ႔ရႏိုင္ပါတယ္။ အခုလည္း စာဖတ္ပရိသတ္ႀကီးအတြက္ ကမာၻတစ္၀န္းလံုးက အႏၱရာယ္အရွိဆံုး လမ္းေတြကို ေဖာ္ျပေပးလိုက္ ပါတယ္။

စကာဒူလမ္း (ပါကစၥတန္ႏိုင္ငံ)

Imgur
ပါကစၥတန္ႏိုင္ငံက စကာဒူ(Skardu)လမ္းဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း (၄,၉၀၀)ျမင့္တဲ့ ဂ်ီဂစ္ ဟိုင္းေ၀းလမ္းမႀကီးကေန ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း(၇,၃၀၃)ျမင့္တဲ့ စကာဒူၿမိဳ႕ကို ခ်ိတ္ဆက္ ၿပီး ေဖာက္လုပ္ထားတဲ့ လမ္းမႀကီးပါ။ အင္ဒက္စ္ျမစ္ေဘးတစ္ေလွ်ာက္ တည္ရွိေနတဲ့ ဒီလမ္းမႀကီးဟာ မိုင္ေပါင္း (၁၀၄)အထိ ရွည္လ်ားပါတယ္။

ေျမာက္ယြန္းဂတ္စ္လမ္း (ဘိုလစ္ဗီးယားႏိုင္ငံ)

DailyMail

ေျမာက္ယြန္းဂတ္စ္(North Yungas)လမ္းမႀကီးဟာ ဘုိလစ္ဗီးယားႏုိင္ငံမွာရွိတဲ့ လာပက္ဇ္ၿမိဳ႕နဲ႔ ေကာ္ရိုကိုၿမိဳ႕ တို႔ကို ခ်ိတ္ဆက္ေပးထားတာပါ။ (၃၅)မိုင္ ရွည္လ်ားပါတယ္။ စာရင္းဇယားေတြအရေတာ့ ဒီလမ္းမကို အသံုးျပဳ ရင္း တစ္ႏွစ္ကို ပ်မ္းမွ် လူ(၂၀၀)ကေန (၃၀၀)ထိ အသက္ဆံုးရံႈးေလ့ရွိတယ္လို႔ သိရပါတယ္။ မိုးရာသီမွာဆိုရင္ မေမွ်ာ္လင့္ထားတဲ့ ေတာင္က်ေရေတြ၊ ေႏြရာသီမွာဆိုရင္ ေတာင္ေပၚကေန ေက်ာက္တံုးေတြဟာ လမ္းေပၚကို ျပဳတ္က်ေလ့ရွိသလို တစ္ခါတစ္ရံမွာလည္း အလုိုလုိေနရင္း ရုတ္တရက္ ျမဴေတြဆိုင္းလာေလ့ရွိပါတယ္။

စိန္႔ေဂါ့ဟာဒ္လမ္း (ဆြစ္ဇာလန္ႏုိင္ငံ)

Instagram Photo
ဆြစ္ဇာလန္ႏုိင္ငံက စိန္႔ေဂါ့ဟာဒ္(St.Gotthard)လမ္းဟာ အဲ့လ္ပ္ေတာင္တန္းရဲ႕ ေတာင္နဲ႔ေျမာက္ကို ခ်ိတ္ဆက္ထားတဲ့ လမ္းမႀကီး(၂)ခုထဲက တစ္ခုပါ။ (၁၅၀၀)ျပည့္ႏွစ္ ၀န္းက်င္ေလာက္တည္းက ေဖာက္လုပ္ထားတဲ့ ဒီလမ္းမဟာ ၿခံစည္းရိုး ခတ္မထားတာေၾကာင့္ လမ္းတစ္ခ်က္ေခ်ာ္တာနဲ႔ ေတာင္ေအာက္ ျပဳတ္က်ၿပီး အသက္ဆံုးရံႈးဖို႔ပဲ ရွိပါတယ္။

ဇိုဂ်ီလား ေတာင္ျဖတ္လမ္း (အိႏၵိယႏိုင္ငံ)

Instagram
အိႏၵိယႏိုင္ငံက လာဒက္ခ္ေဒသနဲ႔ ကက္ရွ္မီးယားေဒသတို႔ကို ခ်ိတ္ဆက္ထားတဲ့ ဇိုဂ်ီလား (Zoji La)ေတာင္ျဖတ္ လမ္းဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း (၁၁,၅၇၅)အျမင့္မွာ တည္ရွိပါတယ္။ လမ္းဟာ က်ဥ္းလြန္း လို႔ ကားႏွစ္စီး တစ္ၿပိဳင္တည္း အတူတူ ေမာင္းလို႔မရပါဘူး။ တစ္ခါတစ္ရံမွာ ေဒသခံေတြရဲ႕ ကၽြဲ၊ ႏြား၊ ဆိတ္ေတြကို လမ္းေပၚမွာ ေတြ႔ရေလ့ရွိတာေၾကာင့္ မၾကာခဏ ၀င္တိုက္မိေလ့လည္း ရွိပါတယ္။

ဟာနာ အေ၀းေျပးလမ္းမ (ဟာ၀ိုင္ယီကၽြန္း)

Pexels

Flicker
ကားတစ္စီးစာပဲ ေမာင္းလို႔ရတဲ့ ဟာနာ(Hana) အေ၀းေျပးလမ္းမဟာ ဟာ၀ိုင္ယီရဲ႕ အလွအပေတြကို ခံစား ခ်င္တဲ့ ကမာၻလွည့္ခရီးသည္ေတြ အႀကိဳက္ေတြ႔တဲ့ လမ္းတစ္ခုပါ။ တံတားေပါင္း(၆၀)ေက်ာ္ကို ျဖတ္ၿပီး ေဖာက္ ထားတဲ့ ဟာနာအေ၀းေျပး လမ္းမရဲ႕ ရႈခင္းေတြဟာ ရင္သပ္ရႈေမာဖြယ္ ေကာင္းလြန္းလွေပမယ့္ အကာအရံ မရွိတဲ့ အေနအထား၊ အခ်ိန္မေရြး တိုက္ခတ္ႏိုင္တဲ့ ေလျပင္းနဲ႔ ေရႀကီးမႈေတြေၾကာင့္ ကားေမာင္းရင္း လမ္းအစကေန အဆံုးကို ေရာက္ေအာင္သြားဖို႔ကေတာ့ အႏၱရာယ္မ်ားလြန္းပါတယ္။

ေဂ်ာင္လင္လိႈဏ္ေခါင္း (တရုတ္ႏိုင္ငံ)

Instagram
ေဂ်ာင္လင္ (Guoliang) ေဒသခံျပည္သူေတြကို (၁၉၇၀)ျပည့္ႏွစ္ေတြမွာ ဒီလိႈဏ္ေခါင္းကို ေဖာက္လုပ္ခဲ့တာပါ။ ေနေရာင္ေကာင္းေကာင္း မရတဲ့ ေန႔ေတြမွာဆိုရင္ ဒီလိႈဏ္ေခါင္းလမ္းမဟာ ေမွာင္လြန္းေနတတ္ၿပီး တစ္ခ်ိဳ႕ေနရာေတြမွာ လမ္းရဲဲ႕အက်ယ္ဟာ (၁၃)ေပ ၀န္းက်င္ေလာက္ပဲ ရွိပါတယ္။

အတၱလႏၱိတ္လမ္းမ (ေနာ္ေ၀ႏိုင္ငံ)

Instagram
အတၱလႏၱိတ္ (Atlantic) သမုဒၵရာႀကီးေပၚမွာ ေဖာက္လုပ္ထားတဲ့ နာမည္ေက်ာ္ ရင္သပ္ရႈေမာဖြယ္ လမ္းမႀကီးပါ။ ေနာ္ေ၀ႏိုင္ငံရဲ႕ အဖိုးတန္ရတနာတစ္ပါးျဖစ္သလို ႏွစ္စဥ္ႏွစ္တိုင္းလည္း ကမာၻ႔လွည့္ခရီးသည္မ်ားစြာဟာ ဒီလမ္းမေပၚကတစ္ဆင့္ သမုဒၵရာေရလိႈင္းေတြရဲ႕ ရႈခင္းေတြကို ၾကည့္ခ်င္လို႔ လာေရာက္လည္ပတ္ေလ့ရွိပါတယ္။ ဒါေပမယ့္ မေမွ်ာ္လင့္တဲ့ ရာသီဥတု အေျခအေနေတြေၾကာင့္ ရုတ္တရက္ လိႈင္းထန္လာရင္ေတာ့ လမ္းေပၚက ကားေတြကို ေရေအာက္ထဲ ဆြဲေခၚသြားေလ့ရွိပါတယ္။

တီယန္မင္းေတာင္လမ္း (တရုတ္ႏုိင္ငံ)

Instagram

Instagram
တီယန္မင္းေတာင္(Tianmen Mountain)ကို ျဖတ္ၿပီးေဖာက္လုပ္ထားတဲ့ ဒီလမ္းမႀကီးဟာ (၇)မိုင္ ရွည္လ်ားၿပီး လမ္းေကြ႔ေပါင္း(၉၉)ခု ရွိတယ္လုိ႔ သိရပါတယ္။ အတိတ္ကာလတုန္းကေတာ့ ေတာင္ေပၚက အစိတ္ပိုင္းတစ္ခု ပဲ့ထြက္ၿပီး လမ္းေပၚကို က်ခဲ့ဖူးပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေတာင္သားပဲ့သြားတဲ့ ေနရာကို ေကာင္းကင္ဘံု ရဲ႕ တံခါး၀ (Heaven’s Gate)လို႔ နာမည္ေပးထားၿပီး ကမာၻလွည့္ခရီးသည္ေတြကို ဆြဲေဆာင္တဲ့ ေနရာတစ္ခု ျဖစ္ေနပါၿပီ။

Unicode

လမ်းပန်းဆက်သွယ်ရေးဆိုတာ ကမ္ဘာကြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်မှသာ အရာရာ အဆင်ပြေချောမွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမှမဆို အကျိုးရှိသလို အဆိုးလည်း ဒွန်တွဲပြီး ပါနေမှာပါ။ မဖြစ်မနေမို့လို့ ချိတ်ဆက်ဖောက်လုပ်ထားတဲ့ တစ်ချို့လမ်း တွေဟာ အန္တရာယ်များလွန်းပြီး အခန့်မသင့်ရဲ့ အသက်ဆုံးရှုံးရတဲ့ အနေအထားမျိုးနဲ့ပါ ကြုံတွေ့ရနိုင်ပါတယ်။ အခုလည်း စာဖတ်ပရိသတ်ကြီးအတွက် ကမ္ဘာတစ်ဝန်းလုံးက အန္တရာယ်အရှိဆုံး လမ်းတွေကို ဖော်ပြပေးလိုက် ပါတယ်။

စကာဒူလမ်း (ပါကစ္စတန်နိုင်ငံ)

Imgur
ပါကစ္စတန်နိုင်ငံက စကာဒူ(Skardu)လမ်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄,၉၀၀)မြင့်တဲ့ ဂျီဂစ် ဟိုင်းဝေးလမ်းမကြီးကနေ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၇,၃၀၃)မြင့်တဲ့ စကာဒူမြို့ကို ချိတ်ဆက် ပြီး ဖောက်လုပ်ထားတဲ့ လမ်းမကြီးပါ။ အင်ဒက်စ်မြစ်ဘေးတစ်လျှောက် တည်ရှိနေတဲ့ ဒီလမ်းမကြီးဟာ မိုင်ပေါင်း (၁၀၄)အထိ ရှည်လျားပါတယ်။

မြောက်ယွန်းဂတ်စ်လမ်း (ဘိုလစ်ဗီးယားနိုင်ငံ)

DailyMail

မြောက်ယွန်းဂတ်စ်(North Yungas)လမ်းမကြီးဟာ ဘိုလစ်ဗီးယားနိုင်ငံမှာရှိတဲ့ လာပက်ဇ်မြို့နဲ့ ကော်ရိုကိုမြို့ တို့ကို ချိတ်ဆက်ပေးထားတာပါ။ (၃၅)မိုင် ရှည်လျားပါတယ်။ စာရင်းဇယားတွေအရတော့ ဒီလမ်းမကို အသုံးပြု ရင်း တစ်နှစ်ကို ပျမ်းမျှ လူ(၂၀၀)ကနေ (၃၀၀)ထိ အသက်ဆုံးရှုံးလေ့ရှိတယ်လို့ သိရပါတယ်။ မိုးရာသီမှာဆိုရင် မမျှော်လင့်ထားတဲ့ တောင်ကျရေတွေ၊ နွေရာသီမှာဆိုရင် တောင်ပေါ်ကနေ ကျောက်တုံးတွေဟာ လမ်းပေါ်ကို ပြုတ်ကျလေ့ရှိသလို တစ်ခါတစ်ရံမှာလည်း အလိုလိုနေရင်း ရုတ်တရက် မြူတွေဆိုင်းလာလေ့ရှိပါတယ်။

စိန့်ဂေါ့ဟာဒ်လမ်း (ဆွစ်ဇာလန်နိုင်ငံ)

Instagram Photo
ဆွစ်ဇာလန်နိုင်ငံက စိန့်ဂေါ့ဟာဒ်(St.Gotthard)လမ်းဟာ အဲ့လ်ပ်တောင်တန်းရဲ့ တောင်နဲ့မြောက်ကို ချိတ်ဆက်ထားတဲ့ လမ်းမကြီး(၂)ခုထဲက တစ်ခုပါ။ (၁၅၀၀)ပြည့်နှစ် ဝန်းကျင်လောက်တည်းက ဖောက်လုပ်ထားတဲ့ ဒီလမ်းမဟာ ခြံစည်းရိုး ခတ်မထားတာကြောင့် လမ်းတစ်ချက်ချော်တာနဲ့ တောင်အောက် ပြုတ်ကျပြီး အသက်ဆုံးရှုံးဖို့ပဲ ရှိပါတယ်။

ဇိုဂျီလား တောင်ဖြတ်လမ်း (အိန္ဒိယနိုင်ငံ)

Instagram
အိန္ဒိယနိုင်ငံက လာဒက်ခ်ဒေသနဲ့ ကက်ရှ်မီးယားဒေသတို့ကို ချိတ်ဆက်ထားတဲ့ ဇိုဂျီလား (Zoji La)တောင်ဖြတ် လမ်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၁၁,၅၇၅)အမြင့်မှာ တည်ရှိပါတယ်။ လမ်းဟာ ကျဉ်းလွန်း လို့ ကားနှစ်စီး တစ်ပြိုင်တည်း အတူတူ မောင်းလို့မရပါဘူး။ တစ်ခါတစ်ရံမှာ ဒေသခံတွေရဲ့ ကျွဲ၊ နွား၊ ဆိတ်တွေကို လမ်းပေါ်မှာ တွေ့ရလေ့ရှိတာကြောင့် မကြာခဏ ဝင်တိုက်မိလေ့လည်း ရှိပါတယ်။

ဟာနာ အဝေးပြေးလမ်းမ (ဟာဝိုင်ယီကျွန်း)

Pexels

Flicker
ကားတစ်စီးစာပဲ မောင်းလို့ရတဲ့ ဟာနာ(Hana) အဝေးပြေးလမ်းမဟာ ဟာဝိုင်ယီရဲ့ အလှအပတွေကို ခံစား ချင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အကြိုက်တွေ့တဲ့ လမ်းတစ်ခုပါ။ တံတားပေါင်း(၆၀)ကျော်ကို ဖြတ်ပြီး ဖောက် ထားတဲ့ ဟာနာအဝေးပြေး လမ်းမရဲ့ ရှုခင်းတွေဟာ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှပေမယ့် အကာအရံ မရှိတဲ့ အနေအထား၊ အချိန်မရွေး တိုက်ခတ်နိုင်တဲ့ လေပြင်းနဲ့ ရေကြီးမှုတွေကြောင့် ကားမောင်းရင်း လမ်းအစကနေ အဆုံးကို ရောက်အောင်သွားဖို့ကတော့ အန္တရာယ်များလွန်းပါတယ်။

ဂျောင်လင်လှိုဏ်ခေါင်း (တရုတ်နိုင်ငံ)

Instagram
ဂျောင်လင် (Guoliang) ဒေသခံပြည်သူတွေကို (၁၉၇၀)ပြည့်နှစ်တွေမှာ ဒီလှိုဏ်ခေါင်းကို ဖောက်လုပ်ခဲ့တာပါ။ နေရောင်ကောင်းကောင်း မရတဲ့ နေ့တွေမှာဆိုရင် ဒီလှိုဏ်ခေါင်းလမ်းမဟာ မှောင်လွန်းနေတတ်ပြီး တစ်ချို့နေရာတွေမှာ လမ်းရဲ့အကျယ်ဟာ (၁၃)ပေ ဝန်းကျင်လောက်ပဲ ရှိပါတယ်။

အတ္တလန္တိတ်လမ်းမ (နော်ဝေနိုင်ငံ)

Instagram
အတ္တလန္တိတ် (Atlantic) သမုဒ္ဒရာကြီးပေါ်မှာ ဖောက်လုပ်ထားတဲ့ နာမည်ကျော် ရင်သပ်ရှုမောဖွယ် လမ်းမကြီးပါ။ နော်ဝေနိုင်ငံရဲ့ အဖိုးတန်ရတနာတစ်ပါးဖြစ်သလို နှစ်စဉ်နှစ်တိုင်းလည်း ကမ္ဘာ့လှည့်ခရီးသည်များစွာဟာ ဒီလမ်းမပေါ်ကတစ်ဆင့် သမုဒ္ဒရာရေလှိုင်းတွေရဲ့ ရှုခင်းတွေကို ကြည့်ချင်လို့ လာရောက်လည်ပတ်လေ့ရှိပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ရာသီဥတု အခြေအနေတွေကြောင့် ရုတ်တရက် လှိုင်းထန်လာရင်တော့ လမ်းပေါ်က ကားတွေကို ရေအောက်ထဲ ဆွဲခေါ်သွားလေ့ရှိပါတယ်။

တီယန်မင်းတောင်လမ်း (တရုတ်နိုင်ငံ)

Instagram

Instagram
တီယန်မင်းတောင်(Tianmen Mountain)ကို ဖြတ်ပြီးဖောက်လုပ်ထားတဲ့ ဒီလမ်းမကြီးဟာ (၇)မိုင် ရှည်လျားပြီး လမ်းကွေ့ပေါင်း(၉၉)ခု ရှိတယ်လို့ သိရပါတယ်။ အတိတ်ကာလတုန်းကတော့ တောင်ပေါ်က အစိတ်ပိုင်းတစ်ခု ပဲ့ထွက်ပြီး လမ်းပေါ်ကို ကျခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ တောင်သားပဲ့သွားတဲ့ နေရာကို ကောင်းကင်ဘုံ ရဲ့ တံခါး၀ (Heaven’s Gate)လို့ နာမည်ပေးထားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။