ေရေျမာင္းထဲမွာ ေသေနတယ္ထင္ၿပီးဆြဲတင္ေတာ့မွ အမူးလြန္ၿပီး ေမ့ေမ်ာေနသူမွန္းသိရ

ဖိလစ္ပိုင္ႏိုင္ငံမွာ အမ်ိဳးသားတစ္ဦးဟာ ေရေျမာင္းလဲမွာ မလႈပ္မယွက္နဲ႔ ေပါေလာၾကီးေပၚၿပီး ေမ့ေမ်ာေနခဲ့တယ္လို႔ သိရပါတယ္။ အမ်ိဳးသားက တုပ္တုပ္ေတာင္မလႈပ္ပဲ ၿငိမ္ေနတာေၾကာင့္ ေဒသခံေတြက ေသေနတယ္ထင္ၿပီး မထိကိုင္ရဲပဲ တာ၀န္ရွိသူေတြကို အေၾကာင္းၾကားခဲ့ပါတယ္။

တာ၀န္ရွိသူေတြက မႈခင္းျဖစ္စဥ္လို႔သတ္မွတ္ၿပီး ခ်က္ျခင္းပဲ ေနရာဆီကိုလာခဲ့ၾကပါတယ္။ ဒီအခါမွာေတာ့ ေသေနတယ္လို႔ထင္ရတဲ့ထိုသူဟာ ေရေျမာင္းထဲမွာ အရက္မူးလြန္ၿပီးေမ့ေနတာသာျဖစ္ေၾကာင္း သိရပါေတာ့တယ္။ အရက္အလြန္အကြ်ံေသာက္တတ္တဲ့သူေတြအဖို႔ အရက္သမားပံုျပင္ေတြဆိုတာ တမ်ိဳးနဲ႔တစ္မ်ိဳးမရိုးရသလို ရယ္စရာလည္းေကာင္းပါတယ္။ ဒါေပမယ့္ လူမွန္းသူမွန္းမသိပဲမူးေအာင္ေသာက္ၿပီး ေျမာင္းထဲေရာက္ရတဲ့အထိျဖစ္ရတဲ့ ထူးထူးျခားျခား ဒီလိုရယ္စရာအျဖစ္ကိုေတာ့ ၾကံဳဖူးၾကားဖူးသူ အမ်ားၾကီးမရွိပါဘူး။


viral4real

ဓာတ္ပံုေတြကိုၾကည့္လုိက္တဲ့အခါ လူအသတ္ခံရၿပီး ေရေျမာင္းထဲပစ္ခ်ခံထားရသလိုလိုနဲ႔ ထင္ရပါေသးတယ္။ တာ၀န္ရွိသူေတြကေတာ့ ထိုသူဟာ ေရခ်ိန္ေက်ာ္သြားေၾကာင့္ လံုး၀အသိလြတ္သြားၿပီး ေျမာင္းထဲကိုက်ခဲ့တာျဖစ္ႏိုင္ေၾကာင္း ယူဆၾကပါတယ္။ ဒါ့အျပင္သူက်တဲ့ေျမာင္းထဲမွာလည္း ေရဆိုးေတြ၊ အမိႈက္သရုိက္ေတြနဲ႔ ညစ္ပတ္ေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။ ကယ္ဆယ္ခဲ့သူေတြကေတာ့ ထိုသူကိုေျမာင္းထဲကေန မနည္းဆြဲတင္ခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္။


viral4real
အခုဆိုရင္ ဆိုရွယ္မီဒီယာေဖ့စ္ဘုတ္ေပၚမွာ ယင္းပို႔စ္က ေတာ္ေတာ္ေလးလူသိမ်ားေနၿပီး ရွဲသူ ၊ မန္႔သူေတြနဲ႔ လူရယ္စရာတစ္ခုျဖစ္ေနေၾကာင္း သိရပါတယ္။

လင္းလင္း (ShweMom)

Source: Viral4real

ဖိလစ်ပိုင်နိုင်ငံမှာ အမျိုးသားတစ်ဦးဟာ ရေမြောင်းလဲမှာ မလှုပ်မယှက်နဲ့ ပေါလောကြီးပေါ်ပြီး မေ့မျောနေခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားက တုပ်တုပ်တောင်မလှုပ်ပဲ ငြိမ်နေတာကြောင့် ဒေသခံတွေက သေနေတယ်ထင်ပြီး မထိကိုင်ရဲပဲ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။

တာဝန်ရှိသူတွေက မှုခင်းဖြစ်စဉ်လို့သတ်မှတ်ပြီး ချက်ခြင်းပဲ နေရာဆီကိုလာခဲ့ကြပါတယ်။ ဒီအခါမှာတော့ သေနေတယ်လို့ထင်ရတဲ့ထိုသူဟာ ရေမြောင်းထဲမှာ အရက်မူးလွန်ပြီးမေ့နေတာသာဖြစ်ကြောင်း သိရပါတော့တယ်။ အရက်အလွန်အကျွံသောက်တတ်တဲ့သူတွေအဖို့ အရက်သမားပုံပြင်တွေဆိုတာ တမျိုးနဲ့တစ်မျိုးမရိုးရသလို ရယ်စရာလည်းကောင်းပါတယ်။ ဒါပေမယ့် လူမှန်းသူမှန်းမသိပဲမူးအောင်သောက်ပြီး မြောင်းထဲရောက်ရတဲ့အထိဖြစ်ရတဲ့ ထူးထူးခြားခြား ဒီလိုရယ်စရာအဖြစ်ကိုတော့ ကြုံဖူးကြားဖူးသူ အများကြီးမရှိပါဘူး။


viral4real

ဓာတ်ပုံတွေကိုကြည့်လိုက်တဲ့အခါ လူအသတ်ခံရပြီး ရေမြောင်းထဲပစ်ချခံထားရသလိုလိုနဲ့ ထင်ရပါသေးတယ်။ တာဝန်ရှိသူတွေကတော့ ထိုသူဟာ ရေချိန်ကျော်သွားကြောင့် လုံးဝအသိလွတ်သွားပြီး မြောင်းထဲကိုကျခဲ့တာဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ ဒါ့အပြင်သူကျတဲ့မြောင်းထဲမှာလည်း ရေဆိုးတွေ၊ အမှိုက်သရိုက်တွေနဲ့ ညစ်ပတ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ကယ်ဆယ်ခဲ့သူတွေကတော့ ထိုသူကိုမြောင်းထဲကနေ မနည်းဆွဲတင်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။


viral4real
အခုဆိုရင် ဆိုရှယ်မီဒီယာဖေ့စ်ဘုတ်ပေါ်မှာ ယင်းပို့စ်က တော်တော်လေးလူသိများနေပြီး ရှဲသူ ၊ မန့်သူတွေနဲ့ လူရယ်စရာတစ်ခုဖြစ်နေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Source: Viral4real