စမတ္ဖုန္း(၁၁)လံုးကို စက္ဘီးမွာ ခ်ိတ္ေဆာ့တဲ့အထိ Pokemon Go ဂိမ္း စြဲလမ္းေနတဲ့အဖိုး

ပိုကီမြန္းဂိမ္း စြဲစြဲလမ္းလမ္းကစားၾကသူေတြထဲမွာ အခုေဖာ္ျပမယ့္ အဖိုးကိုေတာ့ မွီႏိုင္သူရွိမယ္ မထင္ပါဘူး။ အသက္(၇၀)ႏွစ္အရြယ္ ခ်န္စန္းယြမ္ဆိုသူ အဖိုးဟာ ပိုကီမြန္ဂိမ္းထဲက အေကာင္ေလးေတြကို စမတ္ဖုန္း(၁၁)လံုး အသံုးျပဳၿပီး လိုက္ဖမ္းေလ့ရွိပါတယ္။


EPA
ဓာတ္ပံုေတြထဲမွာ ေတြ႔ရမွာကေတာ့ ထုိင္၀မ္ နယူးထိုင္ေပၿမိဳ႕ထဲက ပန္းျခံတစ္ျခံမွာ ပိုကီမြန္ဖမ္းေနတဲ့ အဖိုးခ်န္ပါ။ အဖိုးဟာ သူ႔စက္ဘီးေပၚမွာ ဖုန္းေတြအမ်ားၾကီး ခ်ိတ္ထားပါတယ္။ ဖုန္းေတြကို အားသြင္းဖို႔အတြက္ ဘက္ထရီေတြပါတဲ့ အိတ္ၾကီးတစ္အိတ္ကိုလည္း သြားေလရာ သယ္တတ္ပါတယ္။ အဖိုးက ပန္းျခံေတြထဲမွာ ပိုကီမြန္အေကာင္ေလးေတြ လိုက္ဖမ္းရင္း သူ႔ရဲ႕အားလပ္ခ်ိန္ကေလးေတြကို ကုန္ဆံုးေလ့ရွိပါတယ္။

အဖိုးခ်န္ဟာ မိုဘိုင္းဂိမ္းကစားရတာ စြဲလမ္းလြန္းတာေၾကာင့္ တစ္ခါတစ္ေလ မနက္(၄)နာရီထိုးတဲ့အထိ အိမ္မျပန္ပါဘူး။ သူ႔ကို ခ်စ္စႏိုးနဲ႔ အန္ကယ္ပိုကီမြန္လို႔ေတာင္ နာမည္ေပးထားၾကပါတယ္။ အဖိုးခ်န္က လတ္တေလာ ဖုန္း(၁၁)လံုးရွိေနရံုနဲ႔ေတာင္ အားမရေသးပဲ (၁၅)လံုးအထိ တိုးျမွင့္ကစားဖို႔ ရွိတယ္ဖို႔ ဆိုပါတယ္။ အဖိုးက သူ႔၀ါသနာအတြက္ တစ္လတစ္လကို ေပါင္(၁,၁၆၅) ေလာက္ကုန္က်စရိတ္ရွိပါတယ္။


EPA

ဒါေပမယ့္လည္း ဒီကုန္က်စရိတ္က အဖိုးအတြက္ ထိုက္တန္တယ္လို႔ ေျပာလို႔ရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အဖိုးခ်န္က ဂိမ္းကစားတာဟာ သူ႔ရဲ႕ အယ္ဇိုင္းမားေရာဂါကို သက္သာေစတယ္လို႔ ယံုၾကည္ေနပါတယ္။ အဖိုးမွာ တျခားဂိမ္းကစားေဖာ္ ကစားဖက္ သူငယ္ခ်င္းေတြလည္းအမ်ားၾကီးရွိပါတယ္။ အဖိုးခ်န္ဟာ (၂၀၁၆)ခုႏွစ္မွာ ေျမးျဖစ္သူက ပိုကီမြန္ဂိုးကစားနည္းကို သင္ေပးရာကေန ထိုစဥ္ကတည္းက စြဲစြဲလမ္းလမ္းေဆာ့လာခဲ့တာျဖစ္ပါတယ္။

လင္းလင္း (ShweMom)

Ref: Metro

ပိုကီမွန်းဂိမ်း စွဲစွဲလမ်းလမ်းကစားကြသူတွေထဲမှာ အခုဖော်ပြမယ့် အဖိုးကိုတော့ မှီနိုင်သူရှိမယ် မထင်ပါဘူး။ အသက်(၇၀)နှစ်အရွယ် ချန်စန်းယွမ်ဆိုသူ အဖိုးဟာ ပိုကီမွန်ဂိမ်းထဲက အကောင်လေးတွေကို စမတ်ဖုန်း(၁၁)လုံး အသုံးပြုပြီး လိုက်ဖမ်းလေ့ရှိပါတယ်။


EPA
ဓာတ်ပုံတွေထဲမှာ တွေ့ရမှာကတော့ ထိုင်ဝမ် နယူးထိုင်ပေမြို့ထဲက ပန်းခြံတစ်ခြံမှာ ပိုကီမွန်ဖမ်းနေတဲ့ အဖိုးချန်ပါ။ အဖိုးဟာ သူ့စက်ဘီးပေါ်မှာ ဖုန်းတွေအများကြီး ချိတ်ထားပါတယ်။ ဖုန်းတွေကို အားသွင်းဖို့အတွက် ဘက်ထရီတွေပါတဲ့ အိတ်ကြီးတစ်အိတ်ကိုလည်း သွားလေရာ သယ်တတ်ပါတယ်။ အဖိုးက ပန်းခြံတွေထဲမှာ ပိုကီမွန်အကောင်လေးတွေ လိုက်ဖမ်းရင်း သူ့ရဲ့အားလပ်ချိန်ကလေးတွေကို ကုန်ဆုံးလေ့ရှိပါတယ်။

အဖိုးချန်ဟာ မိုဘိုင်းဂိမ်းကစားရတာ စွဲလမ်းလွန်းတာကြောင့် တစ်ခါတစ်လေ မနက်(၄)နာရီထိုးတဲ့အထိ အိမ်မပြန်ပါဘူး။ သူ့ကို ချစ်စနိုးနဲ့ အန်ကယ်ပိုကီမွန်လို့တောင် နာမည်ပေးထားကြပါတယ်။ အဖိုးချန်က လတ်တလော ဖုန်း(၁၁)လုံးရှိနေရုံနဲ့တောင် အားမရသေးပဲ (၁၅)လုံးအထိ တိုးမြှင့်ကစားဖို့ ရှိတယ်ဖို့ ဆိုပါတယ်။ အဖိုးက သူ့ဝါသနာအတွက် တစ်လတစ်လကို ပေါင်(၁,၁၆၅) လောက်ကုန်ကျစရိတ်ရှိပါတယ်။


EPA

ဒါပေမယ့်လည်း ဒီကုန်ကျစရိတ်က အဖိုးအတွက် ထိုက်တန်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဖိုးချန်က ဂိမ်းကစားတာဟာ သူ့ရဲ့ အယ်ဇိုင်းမားရောဂါကို သက်သာစေတယ်လို့ ယုံကြည်နေပါတယ်။ အဖိုးမှာ တခြားဂိမ်းကစားဖော် ကစားဖက် သူငယ်ချင်းတွေလည်းအများကြီးရှိပါတယ်။ အဖိုးချန်ဟာ (၂၀၁၆)ခုနှစ်မှာ မြေးဖြစ်သူက ပိုကီမွန်ဂိုးကစားနည်းကို သင်ပေးရာကနေ ထိုစဉ်ကတည်းက စွဲစွဲလမ်းလမ်းဆော့လာခဲ့တာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Metro