မဂၤလာေဆာင္ေနစဥ္မွာေတာင္ ေရနစ္ေနသူကို အသက္စြန္႔ၿပီး ကယ္တင္ခဲ့တဲ့ ကမ္းေျခအရာရွိ

တာ၀န္သိကမ္းေျခအရာရွိတစ္ဦးဟာ သူ႔ရဲ႕မဂၤလာပြဲကို ခဏဆိုင္းထားၿပီး သမုဒၵရာထဲ ခုန္ဆင္းကာ ေရနစ္ေနတဲ့ ဆယ္ေက်ာ္သက္တစ္ဦးကို ကယ္တင္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ ထိုသူရဲေကာင္းအမ်ိဳးသားကေတာ့ အသက္(၃၇)ႏွစ္အရြယ္ ဇက္ခ္အက္ေ၀ါ့ဒ္ဆိုသူ ျဖစ္ပါတယ္။ ဇက္ခ္ဟာ အသက္(၃၂)ႏွစ္အရြယ္ ဇနီးေလာင္း စင္ဒီနဲ႔အတူ မဂၤလာပြဲဓာတ္ပံုေတြအတြက္ ကမ္းေျခမွာ ပို႔စ္အမ်ိဳးမ်ိဳးေပးေနတာပါ။

SWNS
ထိုအခ်ိန္မွာပဲ မေမွ်ာ္လင့္တဲ့ အျဖစ္အပ်က္တစ္ခုျဖစ္ခဲ့ပါတယ္။ အမ်ိဳးသမီးတစ္ဦးဟာ လူတစ္ေယာက္ေရနစ္ေနတာကို ျမင္လိုက္ရတာေၾကာင့္ အကူအညီလွမ္းေအာ္ေတာင္းခဲ့ပါတယ္။ ေရနစ္ေနသူကေတာ့ အသက္(၁၈)ႏွစ္အရြယ္ ဂ်မယ္ေရာ္ဘင္စန္ဆိုသူျဖစ္ပါတယ္။ Good Morning America သတင္းအရ စင္ဒီက ေရနစ္ေနသူကို အျမန္သြားကယ္ဖို႔ ဇက္ခ္ကိုတိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။ ဇက္ခ္က အက်ၤ ီခြ်တ္လိုက္ၿပီး ေဘာင္းဘီရွည္ကိုပါ ခြ်တ္ဖို႔လုပ္ေပမယ့္ စင္ဒီက ဆယ္ေက်ာ္သက္ေလးဟာ ကမ္းေျခကေန တျဖည္းျဖည္း ေ၀းကြာသြားေနတာေၾကာင့္္ ဇက္ခ္ကို ပင္လယ္ထဲဆင္းၿပီး လူအျမန္သြားကယ္ဖို႔သာ တိုက္တြန္းခဲ့ပါတယ္။


GMA

ဇက္ခ္ဟာ ေဘာင္းဘီရွည္ၾကီး ၀တ္လ်က္နဲ႔ပဲ ေရထဲဒိုင္ဗင္ထိုးဆင္းသြားခဲ့ပါေတာ့တယ္။ ဆယ္ေက်ာ္သက္ေကာင္ေလး ဂ်မယ္ဟာ ေရကူးေနရာကေန ကမ္းေျခနဲ႔ေ၀းသြားၿပီး ေရစီးသန္လြန္းတဲ့ ေရလိႈင္းေတြၾကား ႏွစ္ျမဳပ္သြားခဲ့တာျဖစ္ပါတယ္။ ဇက္ခ္ဟာ ေကာင္ေလးဆီေရာက္သြားတဲ့အခါမွာေတာ့ ေကာင္ေလးကို သူယူလာတဲ့ လိႈင္းစီးဘုတ္ျပားေပၚမွာ ေခါင္းေမွးတင္ခိုင္းလိုက္ၿပီး ႏွစ္ေယာက္သားကမ္းေျခဆီကို ေရျပန္ကူးလာဖို႔ ၾကိဳးစားခဲ့ပါတယ္။ ထိုအခ်ိန္မွွွာ ေရစီးလည္းအရမ္းသန္ေနတာေၾကာင့္ ကမ္းေျခဆီခက္ခက္ခဲခဲကူးလာရတဲ့အခ်ိန္မွာ ဇက္္ခ္ဟာ ေျခကုန္လက္ပန္းက်သြားမွာကို စင္ဒီက အရမ္းစုိးရိမ္ေနခဲ့ပါတယ္။


SWNS
ဇက္ခ္ဟာ ေကာင္ေလးကိုထိန္းထားၿပီးကူးေနရင္းနဲ႔ ႏွစ္ေယာက္စလံုးဟာ တျဖည္းျဖည္းနဲ႔ အရွိန္ေႏွးလာၿပီး အားကုန္သြားပါေတာ့တယ္။ ဒီအခါမွာ အႏ​ ၱရာယ္မ်ားလွတဲ့ ေရလိႈင္းၾကီးတစ္ခုဟာ ႏွစ္ေယာက္စလံုးကို ဖံုးလႊမ္းၿပီး ကမ္းေျခနဲ႔ ပိုေ၀းသြားပါေတာ့တယ္။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ ထိုအခ်ိန္မွာ ကယ္ဆယ္ေရးေတြ ထပ္မံေရာက္ရွိလာၿပီး ဇက္ခ္နဲ႔ ဂ်မယ္ကိုိကယ္တင္ႏိုင္ခဲ့ပါတယ္။ ဂ်မယ္ကေတာ့ အေျခအေနျပန္ေကာင္းလာေနပါၿပီ။ ဇက္ခ္ကေတာ့ ကမ္းေျခဆီသြားေရာက္လည္ပတ္တဲ့အခါက်ရင္ ကမ္းေျခအႏ ၱရာယ္လံုျခံဳေရးနဲ႔ ပတ္သက္ၿပီး သတိထားၾကဖို႔ သတိေပးလိုက္ပါတယ္။ အထူးသျဖင့္ ကမ္းေျခေတြမွာ အနီေရာင္အလံျပထားတဲ့ အခ်ိန္မ်ိဳးေတြဆိုရင္ အထူးသတိထားရမယ္လို႔ ဇက္ခ္ကဆိုပါတယ္။


SWNS
ဇက္ခ္က “လူေတြက သမုဒၵရာကို ေလွ်ာ့တြက္တတ္ၾကတယ္။ ေကာင္ေလးကို ကြ်န္ေတာ္က အျပစ္တင္တာေတာ့ မဟုတ္ေပမယ့္ ကမ္းေျခမွာ အနီေရာင္အလံျပထားေတာ့ ဒါက အႏ ၱရာယ္ရွိတယ္ဆိုတာ သိရပါတယ္။ လူေတြက ဒီလိုသတိေပး အမွတ္အသားေတြကို မဖတ္ၾကဘူး။ အနီေရာင္ျပထားရင္ အေတြ႔အၾကံဳအရမ္းရွိပါတယ္ဆိုတဲ့ ေရကူးသမားေတြေတာင္ အခက္အခဲေတြ႔ၾကပါတယ္။ ဒါေၾကာင့္ အဲလိုအခ်ိန္ေတြမွာ ကေလးေတြအေနနဲ႔ ေရထဲဆင္းရင္ ဒူးအထက္ ပိုနက္တဲ့ေနရာထိ မဆင္းသင့္ပါဘူး။” လို႔ သူ႔အေတြ႔အၾကံဳကိုေျပာျပခဲ့ပါတယ္။

လင္းလင္း (ShweMom)

Ref: Dailymail

တာဝန်သိကမ်းခြေအရာရှိတစ်ဦးဟာ သူ့ရဲ့မင်္ဂလာပွဲကို ခဏဆိုင်းထားပြီး သမုဒ္ဒရာထဲ ခုန်ဆင်းကာ ရေနစ်နေတဲ့ ဆယ်ကျော်သက်တစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။ ထိုသူရဲကောင်းအမျိုးသားကတော့ အသက်(၃၇)နှစ်အရွယ် ဇက်ခ်အက်ဝေါ့ဒ်ဆိုသူ ဖြစ်ပါတယ်။ ဇက်ခ်ဟာ အသက်(၃၂)နှစ်အရွယ် ဇနီးလောင်း စင်ဒီနဲ့အတူ မင်္ဂလာပွဲဓာတ်ပုံတွေအတွက် ကမ်းခြေမှာ ပို့စ်အမျိုးမျိုးပေးနေတာပါ။

SWNS
ထိုအချိန်မှာပဲ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးဟာ လူတစ်ယောက်ရေနစ်နေတာကို မြင်လိုက်ရတာကြောင့် အကူအညီလှမ်းအော်တောင်းခဲ့ပါတယ်။ ရေနစ်နေသူကတော့ အသက်(၁၈)နှစ်အရွယ် ဂျမယ်ရော်ဘင်စန်ဆိုသူဖြစ်ပါတယ်။ Good Morning America သတင်းအရ စင်ဒီက ရေနစ်နေသူကို အမြန်သွားကယ်ဖို့ ဇက်ခ်ကိုတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဇက်ခ်က အင်္ကျ ီချွတ်လိုက်ပြီး ဘောင်းဘီရှည်ကိုပါ ချွတ်ဖို့လုပ်ပေမယ့် စင်ဒီက ဆယ်ကျော်သက်လေးဟာ ကမ်းခြေကနေ တဖြည်းဖြည်း ဝေးကွာသွားနေတာကြောင့် ဇက်ခ်ကို ပင်လယ်ထဲဆင်းပြီး လူအမြန်သွားကယ်ဖို့သာ တိုက်တွန်းခဲ့ပါတယ်။


GMA

ဇက်ခ်ဟာ ဘောင်းဘီရှည်ကြီး ဝတ်လျက်နဲ့ပဲ ရေထဲဒိုင်ဗင်ထိုးဆင်းသွားခဲ့ပါတော့တယ်။ ဆယ်ကျော်သက်ကောင်လေး ဂျမယ်ဟာ ရေကူးနေရာကနေ ကမ်းခြေနဲ့ဝေးသွားပြီး ရေစီးသန်လွန်းတဲ့ ရေလှိုင်းတွေကြား နှစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ ဇက်ခ်ဟာ ကောင်လေးဆီရောက်သွားတဲ့အခါမှာတော့ ကောင်လေးကို သူယူလာတဲ့ လှိုင်းစီးဘုတ်ပြားပေါ်မှာ ခေါင်းမှေးတင်ခိုင်းလိုက်ပြီး နှစ်ယောက်သားကမ်းခြေဆီကို ရေပြန်ကူးလာဖို့ ကြိုးစားခဲ့ပါတယ်။ ထိုအချိန်မှာ ရေစီးလည်းအရမ်းသန်နေတာကြောင့် ကမ်းခြေဆီခက်ခက်ခဲခဲကူးလာရတဲ့အချိန်မှာ ဇက်ခ်ဟာ ခြေကုန်လက်ပန်းကျသွားမှာကို စင်ဒီက အရမ်းစိုးရိမ်နေခဲ့ပါတယ်။


SWNS
ဇက်ခ်ဟာ ကောင်လေးကိုထိန်းထားပြီးကူးနေရင်းနဲ့ နှစ်ယောက်စလုံးဟာ တဖြည်းဖြည်းနဲ့ အရှိန်နှေးလာပြီး အားကုန်သွားပါတော့တယ်။ ဒီအခါမှာ အန ္တရာယ်များလှတဲ့ ရေလှိုင်းကြီးတစ်ခုဟာ နှစ်ယောက်စလုံးကို ဖုံးလွှမ်းပြီး ကမ်းခြေနဲ့ ပိုဝေးသွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ထိုအချိန်မှာ ကယ်ဆယ်ရေးတွေ ထပ်မံရောက်ရှိလာပြီး ဇက်ခ်နဲ့ ဂျမယ်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဂျမယ်ကတော့ အခြေအနေပြန်ကောင်းလာနေပါပြီ။ ဇက်ခ်ကတော့ ကမ်းခြေဆီသွားရောက်လည်ပတ်တဲ့အခါကျရင် ကမ်းခြေအန ္တရာယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး သတိထားကြဖို့ သတိပေးလိုက်ပါတယ်။ အထူးသဖြင့် ကမ်းခြေတွေမှာ အနီရောင်အလံပြထားတဲ့ အချိန်မျိုးတွေဆိုရင် အထူးသတိထားရမယ်လို့ ဇက်ခ်ကဆိုပါတယ်။


SWNS
ဇက်ခ်က “လူတွေက သမုဒ္ဒရာကို လျှော့တွက်တတ်ကြတယ်။ ကောင်လေးကို ကျွန်တော်က အပြစ်တင်တာတော့ မဟုတ်ပေမယ့် ကမ်းခြေမှာ အနီရောင်အလံပြထားတော့ ဒါက အန ္တရာယ်ရှိတယ်ဆိုတာ သိရပါတယ်။ လူတွေက ဒီလိုသတိပေး အမှတ်အသားတွေကို မဖတ်ကြဘူး။ အနီရောင်ပြထားရင် အတွေ့အကြုံအရမ်းရှိပါတယ်ဆိုတဲ့ ရေကူးသမားတွေတောင် အခက်အခဲတွေ့ကြပါတယ်။ ဒါကြောင့် အဲလိုအချိန်တွေမှာ ကလေးတွေအနေနဲ့ ရေထဲဆင်းရင် ဒူးအထက် ပိုနက်တဲ့နေရာထိ မဆင်းသင့်ပါဘူး။” လို့ သူ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail