တောင်တရုတ်ပင်လယ်က မြန်မာကောင်လေးတွေပါလို့ ဆိုလာတဲ့ တိုင်ရွန်





SOurce: Tyron Bejay

မော်ဒယ်တစ်ယောက်အဖြစ်သာမက မင်းသားတစ်ယောက်အဖြစ်ပါ ပရိသတ်တွေကြားမှာ လူသိများတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ တိုင်ရွန်ကတော့ မိန်းကလေး ပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဖေစ်ဘုတ်ပေါ်မှာ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို အမြဲတင်ပေးတတ်တဲ့ တိုင်ရွန်ကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေအတွက် သူရဲ့ ဓါတ်ပုံ အသစ်တွေကို တင်ပေးထားပါသေးတယ်။


တိုင်ရွန်ကတော့ လတ်တလောမှာ လွှမ်းပိုင် ကျော်ထွဋ်ဆွေ ၊မိုးယံဇွန် ၊အလင်းရောင် ၊နန်းမြတ်ဖြိုးသင်း ၊နန်းသူဇာ ၊Bobby Soxer၊ စံရတီမိုးမြင့် ၊ရတနာဗိုလ်၊ ခေမာ၊ ဒါရိုက်တာ ဝင်းလွင်ထက် တို့နဲ့အတူ ဗီယက်နမ်ကို ရိုက်ကူးရေးအတွက် ရောက်ရှိနေတာဖြစ်ပါတယ်။ တိုင်ရွန်ကတော့ ဗီယက်နမ်မှာ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့အတူ လည်ပတ်နေတဲ့ ဓါတ်ပုံတွေကို သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးနေတာဖြစ်ပါတယ်။


ဒီကနေ့မှာလည်း “တောင်တရုတ် ပင်လယ်က မြန်မာကောင်လေးတွေ 😝 ပူချက်ကလန်”လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားပါသေးတယ်။ ပရိသတ်တွေအတွက် တိုင်ရွန်နဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

SOurce: Tyron Bejay