လင္ပါသားကိုသတ္ၿပီး အသုဘမွာ ဟန္ေဆာင္ေကာင္းစြာ မ်က္ရည္က်ျပခဲ့တဲ့ မိေထြး

ဒိုမီနီကန္အမ်ိဳးသမီးတစ္ဦးကုိ သူမရဲ႕ ကားေနာက္ဖံုးမွာ အသက္(၈)ႏွစ္အရြယ္ လင္ပါသားကိုသတ္ၿပီး အေလာင္းေဖ်ာက္ထားမႈနဲ႔ ဖမ္းဆီးထားခဲ့ေၾကာင္း သိရပါတယ္။ ဂယ္ဘရီရယ္ခရူးဇ္အမည္ရတဲ့ေကာင္ေလး ေပ်ာက္ဆံုးမႈနဲ႔ပတ္သက္ၿပီး ကေလးဖခင္အပါအ၀င္ လူေပါင္းမ်ားစြာတို႔ဟာ ဂယ္ဘရီရယ္ကို လူေပ်ာက္ရွာေဖြခဲ့ၾကပါတယ္။


မိေထြးျဖစ္သူ Ana Julia Quezada

ဂယ္ဘရီရယ္ကို ရွာေဖြၾကတဲ့အထဲမွာ မိေထြးျဖစ္သူ အန္နာဂ်ဴလီယာေကးဇဒါးဆိုသူလည္း ပါ၀င္ပါတယ္။ သူမက ကေလးကိုသတ္ထားၿပီး လူသတ္မႈ မက်ဴးလြန္ခဲ့ပုံနဲ႔ ပိပိရိရိဟန္ေဆာင္ကာ ကေလးဖခင္အန္ဂ်ယ္တို႔နဲ႔အတူ လိုက္လံရွာေဖြေနခဲ့ပါတယ္။ မိေထြးျဖစ္တဲ့အန္နာဟာ ကေလးအေဖ အန္ဂ်ယ္နဲ႔တြဲလာခဲ့တာ ႏွစ္ေပါင္းမ်ားစြာရွိေနပါၿပီ။

အန္ဂ်ယ္နဲ႔ ေသသြားတဲ့ကေလးရဲ႕မိခင္ ပက္ထရစ္စီယာတို႔ႏွစ္ဦးဟာ ကြဲသြားၿပီး ျဖစ္ေပမယ့္ ဆက္ဆံေရး အဆင္ေျပၾကပါတယ္။ ကေလးဟာ ေဖေဖာ္၀ါရီလ(၂၇) ရက္တုန္းက အဖြားအိမ္ကေန အျပင္ထြက္ေဆာ့မယ္ဆိုၿပီး ထြက္ခြာသြားရာကေန ေပ်ာက္ဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ ကေလးေသဆံုးမွန္း မသိရေသးခင္ အေလာင္းရွာေဖြေနစဥ္ အခ်ိန္တုန္းကေတာ့ မိေထြးအန္နာဟာ ကေလးဓာတ္ပံုရုိက္ႏွိပ္ထားတဲ့ ရွပ္အက်ႌကို၀တ္ၿပီး ငိုေၾကြးပူေဆြးေနတဲ့ဟန္နဲ႔ သတင္းေထာက္ေတြကို လူေပ်ာက္ရွာဖို႔ကိစၥ စကားေျပာေနခဲ့ပါေသးတယ္။

ေသဆံုးသူ ကေလးရဲ႕ မိခင္ရင္းနဲ႔ ဖခင္ရင္း


ဒါေပမယ့္ မေကာင္းမႈဆိုတာ ဖံုးကြယ္ထားလို႔မရဘူးဆုိတဲ့အတိုင္း ရဲေတြဟာ ဂယ္ဘရီရယ္ရဲ႕အေလာင္းကို ကားေနာက္ခန္းထဲမွာ ေတြ႔ခဲ့ရတာပဲျဖစ္ပါတယ္။ ဓာတ္ပံုေတြထဲမွာေတာ့ မိေထြးအန္နာဟာ လူသတ္မႈက်ဴးလြန္ေၾကာင္း ၀န္မခံခင္ ကေလးရဲ႕ဖခင္ျဖစ္သူ အန္ဂ်ယ္ကို မိေက်ာင္းမ်က္ရည္က်ျပၿပီး ႏွစ္သိမ့္ေနတဲ့ပံုေတြမ်ားစြာ ႐ုိက္ခဲ့ပါတယ္။

ေနာက္ပိုင္းမွ ာရဲေတြက ကေလးငယ္ကို မိေထြးျဖစ္သူက သတ္ခဲ့တဲ့အေၾကာင္း စံုစမ္းေဖာ္ထုတ္ႏုိင္ၿပီးတဲ့ေနာက္မွာေတ့ာ စပိန္တစ္ႏိုင္ငံလံုးက ျပည္သူေတြဟာ မိေထြးျဖစ္သူကုိ အျပင္းအထန္ မုန္းတီးသြားခဲ့ၾကပါတယ္။ အမ်ားစုကေတာ့ မိေထြးအန္နာအား ေထာင္ဒဏ္တစ္သက္တစ္ကၽြန္း သတ္မွတ္ေပးဖို႔ ဒို္မီနီကန္ရီပဘလစ္ကို ေတာင္းဆိုေနၾကေၾကာင္း သိရပါတယ္။

လင္းလင္း (ShweMom)

Source: Dailymail

ဒိုမီနီကန်အမျိုးသမီးတစ်ဦးကို သူမရဲ့ ကားနောက်ဖုံးမှာ အသက်(၈)နှစ်အရွယ် လင်ပါသားကိုသတ်ပြီး အလောင်းဖျောက်ထားမှုနဲ့ ဖမ်းဆီးထားခဲ့ကြောင်း သိရပါတယ်။ ဂယ်ဘရီရယ်ခရူးဇ်အမည်ရတဲ့ကောင်လေး ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ကလေးဖခင်အပါအဝင် လူပေါင်းများစွာတို့ဟာ ဂယ်ဘရီရယ်ကို လူပျောက်ရှာဖွေခဲ့ကြပါတယ်။

မိထွေးဖြစ်သူ Ana Julia Quezada


ဂယ်ဘရီရယ်ကို ရှာဖွေကြတဲ့အထဲမှာ မိထွေးဖြစ်သူ အန်နာဂျူလီယာကေးဇဒါးဆိုသူလည်း ပါဝင်ပါတယ်။ သူမက ကလေးကိုသတ်ထားပြီး လူသတ်မှု မကျူးလွန်ခဲ့ပုံနဲ့ ပိပိရိရိဟန်ဆောင်ကာ ကလေးဖခင်အန်ဂျယ်တို့နဲ့အတူ လိုက်လံရှာဖွေနေခဲ့ပါတယ်။ မိထွေးဖြစ်တဲ့အန်နာဟာ ကလေးအဖေ အန်ဂျယ်နဲ့တွဲလာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။

အန်ဂျယ်နဲ့ သေသွားတဲ့ကလေးရဲ့မိခင် ပက်ထရစ်စီယာတို့နှစ်ဦးဟာ ကွဲသွားပြီး ဖြစ်ပေမယ့် ဆက်ဆံရေး အဆင်ပြေကြပါတယ်။ ကလေးဟာ ဖေဖော်ဝါရီလ(၂၇) ရက်တုန်းက အဖွားအိမ်ကနေ အပြင်ထွက်ဆော့မယ်ဆိုပြီး ထွက်ခွာသွားရာကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကလေးသေဆုံးမှန်း မသိရသေးခင် အလောင်းရှာဖွေနေစဉ် အချိန်တုန်းကတော့ မိထွေးအန်နာဟာ ကလေးဓာတ်ပုံရိုက်နှိပ်ထားတဲ့ ရှပ်အင်္ကျီကိုဝတ်ပြီး ငိုကြွေးပူဆွေးနေတဲ့ဟန်နဲ့ သတင်းထောက်တွေကို လူပျောက်ရှာဖို့ကိစ္စ စကားပြောနေခဲ့ပါသေးတယ်။

သေဆုံးသူ ကလေးရဲ့ မိခင်ရင်းနဲ့ ဖခင်ရင်း


ဒါပေမယ့် မကောင်းမှုဆိုတာ ဖုံးကွယ်ထားလို့မရဘူးဆိုတဲ့အတိုင်း ရဲတွေဟာ ဂယ်ဘရီရယ်ရဲ့အလောင်းကို ကားနောက်ခန်းထဲမှာ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ မိထွေးအန်နာဟာ လူသတ်မှုကျူးလွန်ကြောင်း ဝန်မခံခင် ကလေးရဲ့ဖခင်ဖြစ်သူ အန်ဂျယ်ကို မိကျောင်းမျက်ရည်ကျပြပြီး နှစ်သိမ့်နေတဲ့ပုံတွေများစွာ ရိုက်ခဲ့ပါတယ်။

နောက်ပိုင်းမှ ာရဲတွေက ကလေးငယ်ကို မိထွေးဖြစ်သူက သတ်ခဲ့တဲ့အကြောင်း စုံစမ်းဖော်ထုတ်နိုင်ပြီးတဲ့နောက်မှာတေ့ာ စပိန်တစ်နိုင်ငံလုံးက ပြည်သူတွေဟာ မိထွေးဖြစ်သူကို အပြင်းအထန် မုန်းတီးသွားခဲ့ကြပါတယ်။ အများစုကတော့ မိထွေးအန်နာအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း သတ်မှတ်ပေးဖို့ ဒိုမီနီကန်ရီပဘလစ်ကို တောင်းဆိုနေကြကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Source: Dailymail