အုန္းသီးကို ဦးေခါင္းဆီ ပစ္ၿပီးခြဲရတဲ့ အိႏၵိယႏိုင္ငံက ထူးဆန္းတဲ့ ဓေလ့

အိႏိၵယႏုိင္ငံေတာင္ပုိင္း တမီလ္နာဒူ ျပည္နယ္အတြင္းက ရြာေတြမွာ ဦးေခါင္းကုိ အုန္းသီးနဲ႔ ပစ္ခြဲၿပီး ဆုေတာင္းရတဲ့ ဓေလ့တစ္ခုရွိၿပီး အဲဒါက တကယ္ပဲ ေၾကာက္စရာေကာင္းပါတယ္။

ဆုေတာင္းသူေတြဟာ အခြံခြာထားတဲ့ အုန္းသီးနဲ႔ ေခါင္းကုိ ပစ္ေပါက္ၿပီး အခြဲခံရတာပါ။ ဆုေတာင္းပြဲကုိ ဦးေဆာင္တဲ့ ဘာသာေရးဆရာေတြက အခြံခြာထားတဲ့ အုန္းသီးကုိ ထိုင္လ်က္ ဆုေတာင္းေနသူရဲ႕ ဦးေခါင္းဆီ ပစ္ေပါက္တာျဖစ္ၿပီး အုန္းသီးကြဲတယ္ဆုိမွ ဆုေတာင္းျပည့္တယ္၊ က်န္းမာေရးေကာင္းတယ္ဆုိတဲ့ အယူ ရွိၾကပါတယ္။


Youtube
ဆုေတာင္းပြဲအတြက္ အခြံခြာထားတဲ့ အုန္းသီးေတြကုိ အနည္းငယ္ ပါးေအာင္ ဓားနဲ႔ ျခစ္ရၿပီး အုန္းသီးကြဲသြားတဲ့အထိ ဦးေခါင္းကုိ ပစ္ေပါက္ရတာပါ။ အုန္းသီးအခြံက ပုံမွန္ထက္ပုိၿပီး ပါးတယ္ဆုိေပမယ့္ ပစ္ေပါက္ခံရတဲ့သူေတြကေတာ့ တကယ္ပဲ မသက္သာပါဘူး။ ဆုေတာင္းပြဲကုိ ႏွစ္ရက္ၾကာေအာင္ ျပဳလုပ္ေလ့ရွိၿပီး မိန္းမေတြေရာ၊ ေယာက်္ားေတြပါ ဆုေတာင္းပြဲမွာ ပါ၀င္ၾကတာပါ။ တခ်ိဳ႕ဆုိရင္ အုန္းသီးနဲ႔ ပစ္ခြဲခံရၿပီးတဲ့ေနာက္ ေခါင္းေပါက္သြားတာေတြ၊ ေဆးကုသရတာေတြ နဲ႔ ရင္ဆုိင္ခဲ့ရတာပါ။

Youtube

ေအာက္မွာ ျပထားတဲ့ ဗီဒီယုိဖုိင္ထဲမွာဆုိရင္ အုန္းသီးနဲ႔ ပစ္ေပါက္ခံရမွာ ေၾကာက္ေနတဲ့ ဆုေတာင္းသူေတြရဲ႕ ေခါင္းကုိ ၿငိမ္ေနေအာင္ ကုိင္ေပးထားသူေတြကုိ ေတြ႕ရမွာျဖစ္ၿပီး တခ်ိဳ႕ဆုိရင္ ပတ္တီးေတြ၊ ဂြမ္းေတြကုိေတာင္ အသင့္ျပင္ထားၾကပါတယ္။

ေဆးပညာရွင္ေတြကေတာ့ ဒီလုိ ကိစၥမ်ိဳးဟာ အရမ္းအႏၱရာယ္မ်ားတဲ့ ကိစၥျဖစ္တယ္လုိ႔ မွတ္္ခ်က္ေပးၾကၿပီး ဦးေခါင္းခြံ ကြဲအက္သြားတဲ့အထိ ခံစားသြားရႏုိင္တယ္လုိ႔ ဆုိၾကပါတယ္။ ဦးေႏွာက္နဲ႔ အာရုံေၾကာ ပါရဂူတစ္ေယာက္ျဖစ္တဲ့ ေဒါက္ဘာ ပီသန္ဘာရမ္က ယုံၾကည္ကုိးကြယ္သူေတြအေနနဲ႔ ဒီလုိဆုေတာင္းတာမ်ိဳး မျပဳလုပ္ၾကဖုိ႔ တုိက္တြန္းလုိက္ၿပီး ဦးေခါင္းခြံကုိ ျပင္းျပင္းထန္ထန္ ထိခုိက္သြားတာမ်ိဳး ျဖစ္ႏုိင္တယ္လုိ႔ အႀကံျပဳလုိက္ပါတယ္။

Linn

Source : Dailymail

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူ ပြည်နယ်အတွင်းက ရွာတွေမှာ ဦးခေါင်းကို အုန်းသီးနဲ့ ပစ်ခွဲပြီး ဆုတောင်းရတဲ့ ဓလေ့တစ်ခုရှိပြီး အဲဒါက တကယ်ပဲ ကြောက်စရာကောင်းပါတယ်။

ဆုတောင်းသူတွေဟာ အခွံခွာထားတဲ့ အုန်းသီးနဲ့ ခေါင်းကို ပစ်ပေါက်ပြီး အခွဲခံရတာပါ။ ဆုတောင်းပွဲကို ဦးဆောင်တဲ့ ဘာသာရေးဆရာတွေက အခွံခွာထားတဲ့ အုန်းသီးကို ထိုင်လျက် ဆုတောင်းနေသူရဲ့ ဦးခေါင်းဆီ ပစ်ပေါက်တာဖြစ်ပြီး အုန်းသီးကွဲတယ်ဆိုမှ ဆုတောင်းပြည့်တယ်၊ ကျန်းမာရေးကောင်းတယ်ဆိုတဲ့ အယူ ရှိကြပါတယ်။


Youtube
ဆုတောင်းပွဲအတွက် အခွံခွာထားတဲ့ အုန်းသီးတွေကို အနည်းငယ် ပါးအောင် ဓားနဲ့ ခြစ်ရပြီး အုန်းသီးကွဲသွားတဲ့အထိ ဦးခေါင်းကို ပစ်ပေါက်ရတာပါ။ အုန်းသီးအခွံက ပုံမှန်ထက်ပိုပြီး ပါးတယ်ဆိုပေမယ့် ပစ်ပေါက်ခံရတဲ့သူတွေကတော့ တကယ်ပဲ မသက်သာပါဘူး။ ဆုတောင်းပွဲကို နှစ်ရက်ကြာအောင် ပြုလုပ်လေ့ရှိပြီး မိန်းမတွေရော၊ ယောကျ်ားတွေပါ ဆုတောင်းပွဲမှာ ပါဝင်ကြတာပါ။ တချို့ဆိုရင် အုန်းသီးနဲ့ ပစ်ခွဲခံရပြီးတဲ့နောက် ခေါင်းပေါက်သွားတာတွေ၊ ဆေးကုသရတာတွေ နဲ့ ရင်ဆိုင်ခဲ့ရတာပါ။


Youtube

အောက်မှာ ပြထားတဲ့ ဗီဒီယိုဖိုင်ထဲမှာဆိုရင် အုန်းသီးနဲ့ ပစ်ပေါက်ခံရမှာ ကြောက်နေတဲ့ ဆုတောင်းသူတွေရဲ့ ခေါင်းကို ငြိမ်နေအောင် ကိုင်ပေးထားသူတွေကို တွေ့ရမှာဖြစ်ပြီး တချို့ဆိုရင် ပတ်တီးတွေ၊ ဂွမ်းတွေကိုတောင် အသင့်ပြင်ထားကြပါတယ်။

ဆေးပညာရှင်တွေကတော့ ဒီလို ကိစ္စမျိုးဟာ အရမ်းအန္တရာယ်များတဲ့ ကိစ္စဖြစ်တယ်လို့ မှတ်ချက်ပေးကြပြီး ဦးခေါင်းခွံ ကွဲအက်သွားတဲ့အထိ ခံစားသွားရနိုင်တယ်လို့ ဆိုကြပါတယ်။ ဦးနှောက်နဲ့ အာရုံကြော ပါရဂူတစ်ယောက်ဖြစ်တဲ့ ဒေါက်ဘာ ပီသန်ဘာရမ်က ယုံကြည်ကိုးကွယ်သူတွေအနေနဲ့ ဒီလိုဆုတောင်းတာမျိုး မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပြီး ဦးခေါင်းခွံကို ပြင်းပြင်းထန်ထန် ထိခိုက်သွားတာမျိုး ဖြစ်နိုင်တယ်လို့ အကြံပြုလိုက်ပါတယ်။

Linn

Source : Dailymail